spot_img
19 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မော်ချီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူ ၅ ဦးရှိပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွင်း
သေဆုံးသူ ၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ဦးထက် မနည်းရှိတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး၂ ဦး၊ လသားကလေး ၁ ဦး၊ အမျိုးသား ၂ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင်ဒဏ်ရာရရှိသူ ၁၀ ဦးထဲမှာ အသက် ၁၅ နှစ်အောက်ကလေးငယ် ၇ ဦးလည်း ပါဝင်ပါတယ်။

လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသဖို့ နေရာပြောင်းရွေ့ထားတာကြောင့် စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူတွေ၊ သေဆုံးသူတွေစာရင်းကို အကုန်လုံးမသိနိုင်သေးပါဘူး။

ဒေသခံတွေရဲ့အဆိုအရတော့ သေဆုံးသူထဲမှာ တရုတ်နိုင်ငံသား လို့ယူဆရတဲ့ တရုတ်အမျိုးသားတစ်ဦးပါဝင်တယ်လို့ ဒေသခံတွေကပြောပေမယ့် ကန္တာရဝတီတိုင်း(မ်) အနေနဲ့ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ကုသမှုပေးနိုင်တဲ့ ဆရာဝန်မရှိတာကြောင့် တခြားဒေသကို ပို့ဆောင် ထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

“သူနာပြုဆင်းက ၁ ယောက် ၂ ယောက်ရှိတယ်။ ကျန်တာ သင်တန်းဆင်းပဲ။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

မော်ချီးဒေသမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ ခဲလုပ်သား လူမျိုး‌ပေါင်းစုံရှိနေတာဖြစ်ပါတယ်။ အခုလို အရေးပေါ်အခြေနေတွေ ကြုံလာရတဲ့ခါလည်း မော်ချီးဒေသမှာ ဆေးကုသဖို့ ဆရာဝန်မရှိသလို၊ လိုအပ်တဲ့ ဆေး ပစ္စည်းတွေလည်း မရနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မော်ချီးဒေသက ခဲ ခါ စက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်ရုံအနီးနားက ချောင်းခဲဆွဲတဲ့ လုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစု ဝင်တွေ ထိခိုက်မှုများခဲ့တယ်လို့ သိရပါတယ်။ မော်ချီးဒေသကို ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ