spot_img
31.9 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းအာရှလူငယ်အားကစားပြိုင်ပွဲမှာ တက်ဘော(Teqball) အားကစားကို ထိုင်းကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ ထိုင်းနိုင်ငံဖွား ကရင်နီလူငယ် ခူးထူးရယ် ချန်ပီယံဆု ရရှိ

အာရှလူငယ်အားကစားပြိုင်ပွဲမှာ တက်ဘော(Teqball) အားကစားကို ထိုင်းကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်ခဲ့တဲ့ ထိုင်းနိုင်ငံဖွား ကရင်နီလူငယ် ခူးထူးရယ် ချန်ပီယံဆု ရရှိ

-

ကန္တာရဝတီတိုင်း(မ်)

နိုင်ငံတကာပြိုင်ပွဲဖြစ်တဲ့ တတိယအကြိမ်မြောက် အာရှလူငယ်အားကစားပြိုင်ပွဲ (3rd Asian Youth Games Bahrain 2025) မှာ တက်ဘော (Teqball) အားကစားနဲ့ ထိုင်းနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းနိုင်ငံဖွား ကရင်နီလူငယ် ခူးထူးရယ်ဟာ နောက်ဆုံးပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အမျိုးသားတစ်ဦးချင်းစီ ယှဉ်ပြိုင်ရတဲ့ တက်ဘော(Teqball) အားကစားပြိုင်ပွဲမှာ ပွဲစဉ် ၆ ခု ယှဉ်ပြိုင်ပြီးနောက် အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာ ခူးထူးရယ်က ပြိုင်ဖက်နိုင်ငံ Iraq အားကစားသမားကို အနိုင်ရရှိခဲ့တာပါ။

ဓါတ်ပုံ – Asian Youth Games Bahrain

“ဒါဟာ ကျနော့်ရဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲပါ။ နိုင်ငံပြင်ပမှာ ချန်ပီယံဆုရရှိတာ ဒါပထမဆုံးအကြိမ်ပါ။”လို့ ခူးထူးရယ်က ပြောပါတယ်။

အသက် ၁၈ နှစ်အရွယ် ခူးထူးရယ်ဟာ ထိုင်းနိုင်ငံဖွား ကရင်နီလူငယ်တစ်ဦး ဖြစ်ပါတယ်။ တက်ဘော ( Teqball) အားကစားကို ၃ နှစ်ကြာ လေ့ကျင့်ခဲ့ပြီး ထိုင်းနိုင်ငံအတွင်းက ပြိုင်ပွဲနေရာ ၉ ခု မှာလည်း ယှဥ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။

“ယှဉ်ပြိုင်ရတာ အရမ်းဝမ်းသာပြီး အာရှလူငယ်ချန်ပီယံရှစ်မှာ အနိုင်ရရှိခဲ့တာကိုလည်း အရမ်းဝမ်းသာပါတယ်။ ဒီအခွင့်အရေးကို ပေးတဲ့အတွက် ထိုင်းနိုင်ငံ တက်ဘော (Teqball) အားကစားအသင်းကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျနော့်ကို ကောင်းကောင်းလေ့ကျင့်ပေးခဲ့တဲ့ နည်းပြတွေနဲ့ နည်းပြတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေးခဲ့တဲ့ လူတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ထိုင်းအမျိုးသားအသင်းအတွက် တက်ဘော (Teqball) အားကစားသမားတစ်ယောက် ဖြစ်ချင်ပါတယ်။”လို့ ခူးထူးရယ် က ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ခူးထူးရယ် ဟာ ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်မြို့မှာ ၁၁ တန်းမှာ ပညာသင်ယူနေတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ