spot_img
15.9 C
Loikaw
Friday 27, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရေရှားပါးမှုကြောင့် ကျောင်းနေအရွယ်ကလေးတွေ အရေပြားယားနာမှု အဖြစ်များနေ

ရေရှားပါးမှုကြောင့် ကျောင်းနေအရွယ်ကလေးတွေ အရေပြားယားနာမှု အဖြစ်များနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (ရှေ့) က စာသင်ကျောင်းတကျောင်းမှာ ရေရှားပါးမှု ပြသနာနဲ့ စတင် ကြုံတွေ့နေရပြီး ကလေးငယ်တွေ အရေပြားယားနာမှု အဖြစ်များနေတယ်လို့ သိရပါတယ်။ ရေရှားပါးမှုကြောင့် တကိုယ်ရေသန့်ရှင်းမှု မလုပ်နိုင်ပဲ ကျောင်းနေအရွယ် ကလေးငယ်တွေထဲက ၃၀ ရာခိုင်နှုန်းဟာ အရေပြားယားနာမှုတွေ ဖြစ်ပွားနေတယ်လို့ ကျောင်းအုပ်ဆရာမကြီး က အခုလို ပြောပါတယ်။

“ဒီယားနာတာတွေက ၁၀၀ ရာခိုင်နှုန်းမှာ (၃၀) လောက်က ဖြစ်နေတယ်။ အဓိက အငယ်တန်းလေးတွေမှာ ဖြစ်နေတာ” လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။

ရေရှားပါးလို့ ကျောင်းနေအရွယ် အငယ်တန်းတွေဟာ ရေပုံမှန် မချိုးနိုင်ပဲ အနံ့အသက်ဆိုး ထွက်တာတွေလည်း ရှိလာတဲ့အတွက် ကျောင်းအနေနဲ့ တပတ်တကြိမ် ရေချိုးရက်အဖြစ် သတ်မှတ်ကာ ကလေးတွေကို ရေချိုးပေးရတယ်လို့ ကျောင်းအုပ်ဆရာမကြီးက အခုလို ဆက်ပြောပါတယ်။

“ကလေးတွေဆို ဗုဒ္ဓဟူးနေ့ဆိုရင် နေ့လည်ခင်းကို ကျောင်းပိတ်ပြီးတော့မှ ရေသွားချိုးခိုင်းရတယ်။ ဘာလို့လဲဆိုရင် အနံ့ အရမ်းပျင်းတယ်။ ရေက ၃ ရက် ၄ ရက်လောက် မချိုးထားတော့။ တပတ်မှာ ဗုဒ္ဓဟူးနေ့ တရက်တော့ နေ့လည်ခင်းကို ကျောင်းပိတ်ပြီးတော့မှ ကလေးတွေ ရေချိုးတဲ့ ရက်အဖြစ် သတ်မှတ်ပေးတယ်” လို့ ကျောင်းအုပ်ဆရာမကြီးက ပြောပါတယ်။

ရေရှားပါးတဲ့အတွက် နွေရာသီရောက်တိုင်း ကျောင်းမှာကလေးတွေသုံးစွဲဖို့ အိမ်သာရေကို အိမ်ကနေ သယ်ယူလာခိုင်းရတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။

အဆိုပါ စာသင်ကျောင်းမှာတော့ အထက်တန်းအထိ ဖွင့်လှစ်ထားပြီး ကျောင်းသူ/သား စုစုပေါင်း ၂၀၀ နီးပါး ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ