spot_img
Homeသတင်းလွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတနေရာကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်၊ အရပ်သား သုံးဦး ထိခိုက်မှုရှိ

လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းတနေရာကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်၊ အရပ်သား သုံးဦး ထိခိုက်မှုရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အရပ်သားသုံးဦး ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ရဲ့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်နေ့၊ သန်းခေါင်ယံ ည ၁၂ နာရီကျော်အချိန်မှာ လေကြောင်း နဲ့ ၂ ကြိမ် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“လေကြောင်းဖြင့်တိုက်ခိုက်တဲ့ မှတ်တမ်းက အသက် ၂၆ နှစ်အရွယ် အမျိုးသားတဦး ပေါင်မှာထိတာ၊ အသက် ၄၄ နှစ် အမျိုးသမီးတဦးက ခေါင်းထိတယ် ပြီး‌တော့ အသက် ၂၁ နှစ် အမျိုးသမီးတဦးက ကျောထိတယ်။ စိုးရိမ်ရတဲ့ အခြေအနေတွေတော့မရှိဘူး။”လို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။

စစ်ဘေးရှောင်သုံးဦး ထိခိုက်ခဲ့သလို နေအိမ်တလုံး၊ ငွေ နဲ့ ဆိုင်ကယ်တစီးပါ ပျက်စီးသွားတယ်လို့ ပြောပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲမှုအပြင် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စစ်ဘေးရှောင်တွေ ထပ်မံရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ