spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းနိုင်ငံခြားခရီးသွားအမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်း တနိုင်ငံလုံးညီလာခံ ကယားတွင်ပြုလုပ်မည်

အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်း တနိုင်ငံလုံးညီလာခံ ကယားတွင်ပြုလုပ်မည်

-

ကိုရယ်

စတုတ္ထအကြိမ်မြောက် အမျိုးသားအဆင့် လူထုနှင့်ခရီးသွားလုပ်ငန်း တနိုင်ငံလုံးညီလာခံကို ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လာမည့် ဇွန်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဟု ပြည်နယ်အစိုးရရုံးအတွင်းရေးမှူး ဦးညီညီမင်း ကပြောပါသည်။ 

“၆၊၇၊၈ မှာ ညီလာခံကျင်းပမယ်။ အဓိက ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမယ်။”ဟု ပြည်နယ် အစိုးရရုံးအတွင်းရေးမှူး ဦးညီညီမင်းမှ ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောကြားသွားပါသည်။ 

၎င်းညီလာခံတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းစီမံကိန်း၊ စွန်းစားခရီးသွားလုပ်ငန်း၊ အမှိုက်စွန့်ပစ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစရှိသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟုသိရသည်။

Advertisement

လက်ရှိကယားပြည်နယ်အခြေအနေတွင် လူထုအခြေပြုလုပ်ငန်းများတွင် ပီပီပြင်ပြင်ပုံဖော်ထားရှိမရှိသေး ကြောင်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်မည်ဆိုပါက ဒေသ၏ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု လိုအပ်ကြောင်း၊ လူထုများ၏ လူနေမှုဘဝနှင့်ယဉ်ကျေးမှုများ၊ အလှတရားများစသည်တို့သည် မည်ကဲ့သို့ အသက်မွေး ဝမ်းကြောင်းပြုနေရသည်ဆိုသည့်အကြောင်းများက အဆင်သင့်မရှိသေးကြောင်း အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် (Karenni Human Rights Group –KnHRG) မှ ဒါရိုက်တာ ကိုဗညား ကယခုလိုသုံးသပ်ပြောဆိုပါသည်။

“လူထုတွေကြားထဲမှာသို့မဟုတ် ဒေသတွေမှာ ငြိမ်းချမ်းရေးမတည်ဆောက်နိုင်သ၍ကတော့ ကျနော်တို့ ဒီအနှစ်သာရရှိသောလူထုအခြေပြုလုပ်ငန်းဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူး။”

ယခုလက်ရှိ ခရီးသွားလုပ်ငန်းများပြုလုပ်နေကြသည့် တနီးလာလဲကျေးရွာ၊ ဒေါတမကြီးကျေးရွာ၊ ပန်ပက်ကျေးရွာ စသည်တို့တွင် ဘောင်တခုအတွင်းရှိနေသော်လည်း ဟိုတယ်များ၊ နိုင်ငံခြားခရီးသွား လုပ်ငန်းများစသည်တို့လုပ်ဆောင်နိုင်ရန် အဆင်သင့်အရှိသေးသည့်အတွက် စိုးရိမ်စရာများရှိနိုင်ကြောင်း ဆက်လက်သုံးသပ်သွားပါသည်။

၎င်းညီလာခံတွင် ခန့်မှန်းခြေ လူဦးရေ ၃၀ဝ ခန့် တက်ရောက်မည်ဖြစ်ကြောင်း၊ ပြုလုပ်မည့်နေရာများမှာ (၃) နေရာဖြစ်သော (Gold Hotel,Famous Hotel, Loikaw Hotelw များတွင် ခွဲပြီးပြုလုပ်သွားမည်ဟု သိရှိရပါသည်။ 

ပထမအကြိမ်နှင့် ဒုတိယအကြိမ် ညီလာခံကို နေပြည်တော်တွင်ကျင်းပခဲ့ပြီး တတိယအကြိမ်ညီလာခံကို ကလောမြို့ တို့တွင် ကျင်းပခဲ့သည်ဟု သိရသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ