spot_img
25.7 C
Loikaw
Tuesday 9, December 2025
spot_img
Homeသတင်းမြို့ပေါ်တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများကို ဒေသစရိတ်ခံစားခွင့် သတ်မှတ်ပေး

မြို့ပေါ်တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများကို ဒေသစရိတ်ခံစားခွင့် သတ်မှတ်ပေး

-

ကိုရယ်

ကယားပြည်နယ် ဘောလခဲ ၊ဖာဆောင်း၊ ဖရူဆိုမြို့ ၃ မြို့ကို လူမှုအရေးသင့်တင့်ရှိသောမြို့ အဖြစ် သတ်မှတ်ကာ ဌာနဆိုင်ရာဝန်ထမ်းများ ဒေသစာရိတ်ခံစားခွင့် တိုးမြင့်လစာနှုန်းများ ရရှိတော့မည်ဟု ဖရူဆိုမြို့နယ်ဒုညွန်ကြားရေးမှူး ဦးတင်ဦးက ပြောပါသည်။

“ကျနော်သိသလောက်ကတော့ အရင်ကတော မြို့ပေါ်ဆိုမရဘူးလေ၊ အခုမြို့ပေါ်ပြန်ရသွားတယ်၊ ပညာရေးတစ်ခုတည်းကွက်ပြီးတော့ မပေးပါဘူး ဌာနတိုင်းရတယ် တစ်မြို့နယ်လုံးပေါ” ဦးတင်ဦးက ဟုပြောသည်။

ယခင်က ဝေးလံခေါင်ပါးသည့် နေရာတွင်သာ ဒေသစရိတ်ကိုတိုးပေးပြီးလက်ရှိမှာတော မြို့ပေါ်တွင်ပါ ထပ်မံတိုးပေးခြင်းဟုသိရသည်။

Advertisement

ရှားတော၊ မယ်စဲမြို့ ပေါ်တို့တွင် ယခင်က ဒေသစာရိတ်များရရှိထားပြီးဖြစ်ကြောင်း ယခုအခါ ဘောလခဲ ၊ဖာဆောင်း၊ ဖရူဆိုမြို့ ဆိုပြီး မြို့ ပေါ် ( ၃)မြို့ ထပ်မံပြီး ဒေသစရိတ်တိုးသည့်နှုန်းထားကို စတင်ရရှိတော့မည်ဟု ဆိုပါသည်။

ကယားပြည်နယ်အတွင်းတွင် လူမှုရေးအခက်အခဲဆုံးဒေသအဆင့် မြို့နှင့်ကျေးရွာအုပ်စုများတို့တွင် တာဝန်ထမ်းဆောင်သော ဌာနဆိုင်ရာအစိုးရများသည် ဒေသစရိတ် ခံစားခွင့်ရရှိကြပြီးဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ