spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းကျန်းမာရေးလူနာအမှတ် (၁၇) သေဆုံး၊ မြန်မာတွင် သေဆုံးသူ ၂ ဦးရှိပြီ

လူနာအမှတ် (၁၇) သေဆုံး၊ မြန်မာတွင် သေဆုံးသူ ၂ ဦးရှိပြီ

-

ကန္တာရဝတီတိုင်း(မ်)
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကုတင် ၅၀၀ဆေးရုံတွင် အထူး သီးသန့်ခန်းတွင် ထားရှိ ကုသလျက်ရှိသည့် Covid-19 အတည်ပြုလူနာ အမှတ် (၁၇) သည် ယနေ့ (၈ ဧပြီလ) နံနက် ၃:၄၀ နာရီတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

လူနာအမှတ် (၁၇) သေဆုံး၊ မြန်မာတွင် သေဆုံးသူ ၂ ဦးရှိပြီ


လူနာအမှတ် (၁၇) သည် ပေါက်ခေါင်းမြို့နယ်၏ ဒုတိယ အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နေသူဖြစ်ပြီး SOS ဆေးခန်းတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် လူနာအမှတ် (၁၅)၏ ခင်ပွန်းလည်း ဖြစ်သည်။

လူနာအမှတ် (၁၇)နှင့်အတူ ၁၀ နှစ်အရွယ်သား၊ အသက် ၈ နှစ်အရွယ်သမီးနှင့် အသက် ၁၈ နှစ်အရွယ် တူမတို့ကိုလည်း ရောဂါပိုးကူးစက်ခြင်း ခံထားရကြောင်း သိရှိရသည်။
ကျန်အခြား လူနာများအနေဖြင့် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၂၂ ဦးရှိပြီ ဖြစ်ပြီး သေဆုံးသူ ၂ ဦး ရှိသွားပြီ ဖြစ်သည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ