အန်ထော်နီ ကမ္ဘာကပ်ဆိုက်ရောဂါကျရောက်နေတဲ့အချိန် ခရီးသွားလုပ်ငန်းတွေ အထင်ကရနေရာတွေပိတ်ထားပြီးနောက် ကယန်းကြေးကွင်းပတ် အမျိုးသမီးတွေ အနေနဲ့လည်း သူတို့ရဲ့ခရီးသွားလုပ်ငန်းအတွက် ဖွင့်လှစ်ထားတဲ့ ဆိုင်တွေလည်း ပိတ်ထားနေရတယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းအနေနဲ့ ကယန်းကြေးကွင်းပတ်အမျိုးသမီးတွေ ဖွင့်လှစ်ထားတဲ့နေရာတွေကတော့ ဒီးမော့ဆိုမြို့နယ်ပန်ပက်ကျေးရွာအုပ်စုဘက်ရှိကျေးရွာတွေအပါအဝင် ၊ လွိုင်ကော်မြို့ ဒေါဆန်းဘုန်းကျေးရွာတို့မှာဖြစ်ပါတယ်။ ဒီလိုမျိုးကိုယ့်ရိုးရာကို တစ်ခြားသူကစိတ်ဝင်စားလို့ သူများပြည်နယ်တွေအထိ သွာရောက်ဖျော်ဖြေခဲ့ရတယ်လို့လည်း ပန်ပက် လော်ကုံးကျေးရွာ မှာနေတဲ့ အသက် ၅၆ နှစ်အရွယ် ဒေါ်မူပလားက သူမရဲ့အတွေ့အကြုံကို ခုလိုပြောပြထားပါတယ်။ လည်ပင်းကို ကြေးကွင်းတွေနဲ့ရစ်ပတ်ပြီးတော့ ခြေသလုံးနဲ့ လက်ကောက်ဝတ်တွေမှာလည်း သံထည်တွေပတ် ကြေးကွင်းတွေ ဝတ်ထားတဲ့ ထူးခြားတဲ့ ကယန်း အမျိုးသမီး ကြေးကွင်းပတ်လူမျိုးတွေဟာဆိုရင် ပြည်တွင်းပြည်ပ ခရီးသွား အများစုက စိတ်ဝင်စားကြတဲ့ မျိုးနွယ်စုဖြစ်ပါတယ်။ “ကျမက အတွေ့အကြုံနဲနဲများတယ် […]