TAG
ကြာကန်
ကိုဗစ်ရောဂါကြောင့် လာရောက်လည်ပတ်မှုများတဲ့ ကြာကန်ကို လည်ပတ်ခွင့်ပိတ်
ကန္တာရဝတီတိုင်း(မ်)
ဒီမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာနဲ့ ဖောင်းတောကျေးရွာအနီးအနားမှာရှိတဲ့ ကြာကန်၊ ကြာခင်းတွေမှာ ကိုဗစ်ရောဂါကြောင့် လည်ပတ်ခွင့်ကို ဇွန်လ ၁၄ ရက်နေ့ကစပြီး ပိတ်ထားလိုက်ပါတယ်။
အဲဒီကြာကန်တွေမှာ ရပ်နီး/ရပ်ဝေးက ဧည့်သည်တွေ အများအပြားလာရောက်လည်ပတ်လေ့ရှိပြီး နေ့စဉ် လာရောက်လည်ပတ်ကြတာကြောင့် လူစုလူဝေးလည်းဖြစ်စေတယ်လို့ ဘုရားဖြူကျေးရွာရာအိမ်မှူး ဦးနွေမင်းထွန်းက ပြောပါတယ်။
“အဓိကရောဂါကြောင့် ကိုဗစ်ကြောင့်လည်းပိတ်တယ် လူစုလူဝေးကလည်းဖြစ်နေလို့လေ လူလည်းတအားများလို့ပိတ်တာပေါ့။...