စိုးထိုက်အောင် ကယား(ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းမှာရှိတဲ့ ကွိုင်ငံရေထွက်ပေါက် ချောင်းတစ်လျှောက် သစ်ပင်တွေကြီးတွေ လဲှဖြိုခံလိုက်ရတဲ့အတွက် ချောင်းဘေးတွေမှာ မြေပြိုမှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ “ဒီချောင်းရဲ့ဘေးမှာရှိနေတဲ့ သစ်ပစ်တွေအားလုံးကို ဖြိုလိုက်တဲ့ခါကျတော့ အဲ့ဒီချောင်းနံဘေးမှာရှိတဲ့ နံရံတွေပေါ့နော် နံရံတွေကလည်း ဒါကပြိုနိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဒါက ကျတော်တို့လက်တွေ့ပေါ့နော် ဒီနေရာဟာဆိုရင် ဒီလိုမျိုးပြိုစရာအကြောင်းကိုမရှိဘူး။ ဒီသစ်ပင်ကို မဖြိုဘူးဆိုလို့ရှိရင် ဒီမြေက ပြိုစရာအကြောင်းလဲမရှိဘူး။ ဒီသစ်ပင်တွေကို ဖြိုလိုက်တဲ့ခါကျတော့ မြေကြီးကိုစွဲထားတဲ့ သစ်ပင်အမြစ်တွေက မရ်ှိတော့တဲ့ ခါကျတော့ အဲ့ဒါပြိုတယ်လို့ ဒါကျတော်တစ်ယောက်အနေနဲ့ကျတော်ရဲ့အမြင်နဲ့ဒါ သုံးသပ်တာပေါ့နော်။” လို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကပြောပါတယ်။ ချောင်းဘေးကနေ တူးဖော်ထားတဲ့ အပင်ကြီးတွေကို အချို့ကိုတော့ တူးဖော်တဲ့ လူတွေက ပြန်လည်ရှင်းလင်းပေးခဲ့ပေမဲ့လဲ […]

စိုးထိုက်အောင် ဖရူဆိုမြို့နယ်ထဲက ရေရှားပါးတဲ့ ကျေးရွာတွေအတွက် ရေရရှိရေး လုပ်ဆောင်ပေးဖို့ အစိုးရက ဘတ်ဂျက်ချထားပေးပေမဲ့ ရေပေးဝေမယ့် ရေအရင်းအမြစ်နေရာ မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။ ၂၀၁၉ – ၂၀၂၀ ခုနှစ် ရသုံးမှန်းခြေ ငွေစာရင်းအရ ဖရူဆိုမြို့နယ် ရေရရှိရေး အတွက် ကျသန်းပေါင်း ၄၈၀၀ ကျော် လျာထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့တုန်းက ဒီးမော့ဆို မြို့နယ်ထဲက ကွိုင်ငံရေထွက်ပေါက်ကနေ ရေသွယ်ယူဖို့ ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေ အစည်းဝေးပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကွိုင်ငံရေထွက်ပေါက်က ရေထွက်အားမကောင်းတာကြောင့် အနီးနားကဒေသခံတွေက ဒီအစီစဉ်ကို ကန့်ကွက်နေကြပါတယ်။ ကွိုင်ငံရေထွက်ပေါက်ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးဂျေနရီက “ကျတော်တို့အိမ်နီးချင်း အခုနှစ်တိုင်းလိုလိုပြသနာ […]