အန်ထော်နီ ကယားပြည်နယ် ဒီးမော့ဆိုမြို့ နယ်ရှိ တောင်သူလယ်သမားတွေအတွက် လယ်ယာသုံးစက်ကိရိယာတွေကို အသုံးပြုတတ်ဖို့ နဲ့ ပြုပြင်နိုင်ဖို့ အတွက် ၁၀ ရက်တာသင်တန်းကို ဒီးမော့ဆိုမြို့ အမှတ် ၈၆ စက်မှု လယ်ယာစခန်းခွဲမှာ သင်ကြားပို့ချနေပါတယ်။ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှုုး ဦးဇော်လင်း က “ ဒါကြောင့်စက်ကိရိယာတွေ စနစ်တကျကိုင်တွယ်မောင်းနှင်တတ်ဖို့၊ ထိန်းသိန်းကြံ့ခိုင်မှုတွေဆောင်ရွက်နိုင်ဖို့ ဌာနမှလယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးနေရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီသင်တန်းမှာ လယ်ထွန်စက်၊ စပါးရိတ်စက်၊ ကောက်စိုက်စက်၊ ခြောက်ခံစက်၊ မျိုးစေ့ချ ကိရိယာ၊အမျိုးမျိုးကို မောင်းနှင်ခြင်းနဲ့ ပြုပြင်ထိန်းသိမ်း နည်းလမ်းတွေ အပြင် စက်မှု လယ်ယာ ဖြင့် စနစ်တကျ လယ်ယာဖော်ထုတ်ခြင်း နည်းလမ်းတွေကို ပို့ချမှာဖြစ်ပါတယ်။ […]