ကန္တာရဝတီတိုင်း(မ်) ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့ဖခင်ဖြစ်တာကြောင့် ကရင်နီလူငယ်နှင့် ဖြစ်ပေါ်နေသည့် ကြေးရုပ်ပြသနာကို ဖြေရှင်းဖို့အခက်အခဲရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကရင်နီလူငယ်အင်အားစုနဲ့တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ မနေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်ပြီးနောက် ကယားပြည်နယ်အစိုးရ ဧည့်ရိပ်သာတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် ကရင်နီလူငယ်များတွေ့ဆုံမှုအပြီး နိုင်ငံတော်အတိုင်ပင်ခံက အခုလိုပြောခဲ့တာဖြစ်တယ်လို့လူငယ်များက ပြောဆိုလိုက်တာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ရဲ့ဖင်ဖြစ်လည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တာကြောင့် သူ့အနေနဲ့ကြေးရုပ်ထုကိစ္စကို ဝင်ရောက်ဖြေရှင်းဖို့အခက်အခဲရှိတာကြောင့် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးနဲ့ကရင်နီလူငယ်တွေ တွေ့ညှိနှိုင်းဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ဆွေးနွေးပွဲမှာ ပါဝင် ကရင်နီလူငယ်တစ်ဦးဖြစ်သူ ပါစကွားလယ် (ခ) မျိုးလှိုင်ဝင်းက ပြောပါတယ်။ “ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကတော့ နိုင်ငံတော်အတိုင်ပင်ခံက သူ့ရဲ့ဖခင်လည်းဖြစ်၊ မိသားစုဝင်လည်းဖြစ်တဲ့အတွက် သူကိုယ်တိုင်ဝင်ရောက်ဖြေရှင်းဖို့အခက်အခဲဖြစ်တယ်၊ မဖြေရှင်းလိုဘူးဆိုတဲ့ဟာပြောခဲ့တယ်၊ ပြည်ထောင်စုဝန်ကြီးနဲ့ကရင်နီလူငယ်အင်အားစုတွေတိုင်ပင်ပြီး ညှိနှိုင်းကြဖို့ညွန်ကြားခဲ့တယ်ပေါ့၊ ဆိုတော့ကြေးရုပ်ကိစ္စက အဲ့လောက်နဲ့ဘဲပြတ်သွားတယ်” […]