TAG
နှမ်း
ဘောလခဲမြို့နယ် အနိုင်ရပါတီကိုယ်စားလှယ်က သီးနှံဈေးကွက်အာမခံချက်ရှိအောင် အဓိကဆောင်ရွက်သွားမယ်လို့ပြော
အန်ထောနီ
ဘောလခဲမြို့နယ်မှာ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်စားသောက်ကြပြီး တောင်သူလယ်သမားတွေအနေနဲ့ တိကျမှန်ကန်တဲ့ဈေးနှုန်းမရှိတဲ့အတွက် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေကြရတဲ့အပေါ်မှာ အနိုင်ရသွားတဲ့ ၎င်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးကျော်သန်းက ပြောပါတယ်။
တောင်သူလယ်သမားတွေရဲ့ ထွက်ကုန်တွေ ကုန်ကျစရိတ်ထက်သာတဲ့ ဝင်ငွေရရှိဖို့နဲ့ ဈေးကွက်တည်ငြိမ်ဖို့အတွက်လည်း ပြည်ထောင်စုမှာ အဓိက ဆွေးနွေးသွားမယ်လို့လည်းဆိုပါတယ်။
https://youtu.be/NMVTPK53CPs
မိုးရွာသွန်းမှုကြောင့် နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်ဆီး
ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့ဩဂုတ်လ ၃ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာမှာ တောင်သူအချို့စိုက်ပျိုးထားတဲ့ နှမ်းခင်းဧက ၂၀ကျော် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။
နှမ်းခင်း ၅ဧက စိုက်ပျိုးထားတဲ မသင်းထူးဆန်းက “ မနေ့ညကမှပေါ့ ချောင်းရေကြီးတာလည်းပါမယ်ထင်တယ် မနေ့က လပြည့်နေ့ဆိုတော့ ဘုန်းကြီးကျောင်းတက်ရင်းနဲ့ နှမ်းခင်းထဲရေဝင်ကုန်ပြီဆိုတာနဲ့သွားကြည့်တော့ နှမ်းကအဲလိုဖြစ်ကုန်တာ” လို့ ပြောပါတယ်။
ရိတ်သိမ်းပြီးစ...
မိုးရွာသွန်းမှုနည်းပါးတဲ့ ဘောလခဲမြို့နယ်ဘက်က နှမ်းပင်တွေပျက်စီးမှုဖြစ်ပွားလျက်ရှိ
စိုးထိုက်အောင်
ဘောလခဲမြို့နယ်မှာအတွင်းမှာ ဒီနှစ် မိုးရွာသွန်းမှုနည်းပါးတဲ့အတွက်ကြောင့်နှမ်းပင်တွေညိုးပြီးခြောက်သွားကာ အပင်တွေသေကုန်တယ်လို့ နှမ်းစိုက်တောင်သူတွေ ထံကနေ ကြားသိရပါတယ်။
နှမ်း ၂ဧကစိုက်ပျိုးထားပြီးအားလုံးနီးပါး ပျက်ဆီးသွားတဲ့ ဘောလခဲမြို့ ကယားပိုင်းစုစည်းရွာမှ မကြည်ကြည်ဝင်းက “ အဲ့လိုမျိုး ကျဲပြီးခါကျတော့ မိုးကမရွာတော့ ခါကျတော့ အကုန်လုံးပျက်ဆီးကုန်တာပေါ့ နှမ်းကမတတ်နိုင်တော့ဘူးလေ ညိုးပြီးတော့ သေကုန်တယ်။”လို့ပြောပါတယ်။
တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ တောင်သူတွေက နှမ်းကိုသာအဓိက စိုက်ပျိုးကြတာဖြစ်ပြီး...