TAG
ရိုးရာ
ရိုးရာခေါင်ရည်ကို တန်ဖိုးထား သောက်သုံးခြင်း
ခူးပလုရယ် (DMS) ရေးသားသည်။
“ကယားရိုးရာပွဲတွေဆိုရင် ဝက်သားစားမယ်၊ ခေါင်ရည် မူးပြဲနေအောင်သောက်ကြမယ်၊ ပြီးရင် အပျိုမအိမ်သွားလည်မယ်” ဟူ၍ ပေါ့ပျက်ပျက်ပြောဆိုနေမှုများ မကြာခဏ ကြားရတတ်ပါသည်။
ထိုသို့ပြောဆို ဝေဖန်မှုများသည် အကြောင်းမဲ့ ပေါ်ပေါက်လာခြင်း မဟုတ်တန်ရာ၊ အဲ့ဒိုပေါ်မီ အပါအဝင် ကယားရိုးရာပွဲတော် အချို့တွင် လူမှန်းသူမှန်းမသိ အမူးလွန်ကာ လမ်းဘေး၊ ခြံစည်းရိုးဘေးများတွင်...
ကရင်နီမျိုးနွယ်စုတို့ရဲ့ ကေ့ထျိုးဘိုး (ခေါ် ) တံခွန်တိုင် ပွဲတော်
စိုးထိုက်အောင်
ကရင်နီမျိုးနွယ်စုတို့ရဲ့ ကေ့ထျိုးဘိုး ခေါ် တံခွန်တိုင် အလံကို လွှင့်ထူထားတဲ့ ကုန်တင်ကားတွေပေါ်မှာ ချက်ပြုတ်စားသောက်စရာ ဆန်တွေ၊ ဆီတွေ၊ ရေတွေနဲ့ လုံးပတ် တစ်လက်မတ်ခွဲလောက်ရှိတဲ့ ကြိုးခွေတွေ တင်ပြီး အမျိုးသား လူတစ်စုက တောထဲကို မောင်းထွက်သွားပါတယ်။
ဒါကတော့ ဒီးမော့ဆိုမြို့နယ် ၊ ထီးပိုးကလိုးကျေးရွာအုပ်စု ၊ ဖဲလျာကျေးရွာကနေ...
ပရဲ့တို့ရဲ့နှစ်သစ်ကူးပွဲတော်
စိုးထိုက်အောင် ရေးသားသည်။
ဒိုမူခေါကျေးရွာကို ဖရူဆိုကနေ ဟိုယာလမ်းတိုင်သွားမယ်ဆိုရင် ဆိုင်ကယ်နဲ့၄နာရီလောက်မောင်းရပါတယ်။ဒီးမော့ဆိုကနေ ဆီးပူး၊ ယာဒိုလမ်းအတိုင်းသွားမယ်ဆိုရင် တော့၆နာရီလောက်ဆိုင်ကယ်မောင်းရပါတယ်။ ဒိုမူခေါကျေးရွာရဲ့တောင်ဘက်မာဆိုရင် ဖားဆောင်းမြို့နယ်ရှိပြီးတော့ အနောက်ဘက်မာဆိုရင် ကရင်ပြည်နယ် နယ်စပ် ရှိပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၆ ရက်နေ့က ပရဲ့လူမျိုးစုတွေရဲ့နှစ်သစ်ကူးပွဲကို သိုသီးဖို အုပ်စု၊ ဒိုမူခေါကျေးရွာမှာပြုလုပ်ခဲ့ကြပါတယ်။ နှစ်သစ်ကူး ဝါးတံခွန်တိုင်ပွဲကို မနက်၈နာရီလောက်မှာ စတင်ပြီး...