စိုးထိုက်အောင် သစ်တောဦးစီးဌာနတွေကနေ သစ်တောပြုန်းတီးမှုတွေပပျောက်ဖို့အတွက် ရွှေ့ပြောင်းတောင်ယာစနစ်တွေကနေ အမြဲတမ်းတောင်ယာစနစ်ကိုသွားဖို့အတွက် လုပ်ဆောင်နေတယ်လို့သိရပါတယ်။ ရွှေ့ပြောင်းတောင်ယာတွေ မလုပ်တော့ဖို့နဲ့သစ်တောပြုန်းတီးလာမှုတွေကို ကာကွယ်ဖို့အတွက် သစ်တောဦးစီးဌာနကနေပြီးတော့ ရွေ့ပြောင်းတောင်ယာလုပ်ကိုင်နေတဲ့ဒေသတွေမှာ သစ်ပင်တွေဖြန့်ဝေပေးနေတယ်လို ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးမှုး ဦးစွမ်းထက်ကို ကပြောပါတယ်။ “ ဒီတော သာကုန်သွားတယ်ပေါနော သူတို့ရွှေ့ပြောင်းတောင်ယာတွေလုပ်တဲ့နေရာမှာ သူတို့ပိုင်တဲ့၊ ရွာကပိုင်တဲ့တောတွေရှိတယ် အဲ့ဒီတောတွေမှာသူတို့လုပ်ကြတယ်လေနော။ အဲ့တော့ အဲ့လိုကုန်ကျတဲ့အတွက် ကျတော်တို့အနေနဲ့ကတော့ ကျနော်တို့က ရွှေ့ပြောင်းတောင်ယာမလုပ်ဖို့အတွက်ကျတော့ ကျနော်တို့ဖက်က တတ်နိင်တဲ့ဘက်က သစ်ပင်တွေပေးပါတယ်။” လို့ဦးစွမ်းထက်ကို က ပြောပါတယ်။ မြေယာဥပဒေပေါ်လာပြီးတဲ့နောက်မှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်နေသူ အများစုက အစိုးရကသတ်မှတ်ထားတဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) လျှောက်ခွင့်မရှိပါဘူး။ ဒီလိုအခြေအနေမှာ ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ရွှေ့ပြောင်းတောင်ယာမြေဟာဆိုရင် မိရိုးဖလာအဆက်ဆက်ကတည်းကနေ လက်ဆင့်ကမ်းလုပ်ကိုင် စိုက်ပျိုးလာတယ်ဆိုတဲ့အထောက်အထားတွေကိုတော့ ကျေးရွာတွေမှာ […]