ထျိူ းမြာ   နေပြည်တော်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် ပြည်နယ်အမျိူးမျိုးမှ တိုင်းရင်းသား လူငယ်များလာကြသော်လည်း ပင်လုံအပေါ်စိတ်ဝင်စားမှုအားနည်းသည့်အပြင် နိုင်ငံရေးပိုင်းတွင် လည်းလူငယ် များစိတ်ဝင်စားမှုအားနည်းသည်ဟု နိုုင်ငံရေးလေ့လာသုံးသပ်သူ (အရပ်ဘက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် လုပ်ငန်းကော်မတီဝင်) ဦးရန်ကျော်ကပြောသည်။ “အဓိကအားဖြင့်တော့ ဒီဟာက နိုင်ငံရေးနဲ့ဆိုင်တဲ့ပွဲ တစ်ခုဖြစ်နေတာကိုး ငြိမ်း ချမ်းရေးနဲ့ပတ်သက်လာလို့ရှိရင်လည်း အိမ်ဆောက်သလိုပဲ ဖောင်ဒေးရှင်း ချယုံ ပဲရှိသေးတယ်။ ညီလာခံမှာကလည်းဖတ်ရုံပဲရှိတယ်။ တစ်ချို့ဆိုရင် ဖတ်တာအား ရပါးရ ဆယ်မိနစ်ကြီးတောင် သတင်းလိုပဲဖတ်တာ အဲ့ဒီဟာကိုလည်း ဘယ်သူမှ လည်း ဆွေးနွေးလို့လည်းမရဘူး ဆိုတော့ အဲ့လိုဆွေးနွေးလို့ မရဘူး ဆိုတဲ့အပေါ် မှာများ စိတ်ဝင်းစားမှုအားနည်းတာလားဆိုတာကို တွေးမိတယ်” ဟုပြောသည်။ ကယားပြည်နယ်ကျောင်းသားသမဂ္ဂဥက္ကဌ […]

ထျိူ းမြာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်(NCA)ကိုလက်မှတ်ထိုးရန်ကျန်ရှိနေသည့်အဖွဲ့များလက်မှတ်ရေးထိုးပြီးပါက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် ပါဝင်နိုင်ရန် အတွက် နေ ရာအဆင်သင့်ရှိထားပြီးဖြစ်ဟု အဆို ပါ ကော်မတီ ဝင် ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်း က စက်တင်ဘာလ ရရက်က ပြောသည်။ “ UPDJC member(အဖွဲ့ဝင်)က တရားသေ သတ်မှတ်တာ မဟုတ်ဘူး။တစ်ဖွဲ့ ၃၂ဦးဆီနဲ့ကျွန် တော်တို့ လူဦးရေတိုးလို့ ရတယ်။ ဟိုဘက်ကလည်း လိုက်တိုးမယ်။သူတို့ လက်မှတ်ထိုးရင် UPDJC မှာ သူ တို့ ပါလာဖို့ အတွက် ရှင်းရှင်းလင်းလင်းနေရာပေးထားပြီိးသားဖြစ်တယ်” ဟု ၎င်းက ပြောသည်။ UPDJC ကို NCA စာချုပ်အရ နိုင်ငံရေးဆွေးနွေးပွဲများ […]

ထျိူ းမြာ မေး။ ။ ဒီပင်လုံညီလာခံပြီးလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ဘယ်လိုအပြောင်းအလဲဖြစ်လာနိုင်တယ်လို့ထင်လဲ။ ဖြေ။ ။ ပြောင်းလဲမလား မပြောင်လဲဘူးလားဆိုတာကိုတော့ မသိဘူးပေါ့နော။ ဒါပေမဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတွက် အများကြီးလုပ်ရအုံးမယ်။ ပြောင်းလဲသွားနိုင်ဖို့အရေးအစလမ်းဖော်ပေးတာပေါ့။ နောက်ဘာဖြစ်လာမလဲဆိုတာကတော့ နောက်တစ်ပိုင်းပေါ့။ အခုဟာက ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်တိုက်ဆက်တိုက်ဖြစ်နိုင်ဖို့ လမ်းဖွင့်ပေးတာပဲ။ မေး။ ။ ဆရာတို့ တိုင်းရင်းသားလက်နက်ကိုုင် အဖွဲ့တွေအနေနဲ့ ရှေ့ဆက်ဘာဆက်လုပ်ဖို့ရှိလဲ။ ဖြေ။ ။ ကျနော်တို့ကတော့ အဓိကက ပြည်သူတွေပဲလိုပါတယ်။ ပြည်သူတွေ သဘောတူရင်လုပ်မယ်။ ပြည်သူတွေသဘောမတူတာဆိုရင်တော့မလုပ်ဘူးပေါ့။ မေး။ ။ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပတ်သက်ပြီးတော့ကော ဆရာအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။ ဖြေ။ ။ အခုလောလောဆယ်တော့ ရာခိုင်နှုန်းအပြည့်တော့ အမမျှော်လင့်နိုင်တော့ဘူး။ အထူးသဖြင့်တပ်မတော်တွေကို သိပ်အယုံအကြည်မရှိဘူး။ […]

ဇွန်လှိုင်လ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ကမာ္ဘ့ဒုက္ခသည်များနေ့ မှာ ထိုင်းမြန်မာ နယ်စပ်က လူဦးရေ ၁၅၀၀ဝ ခန့် ရှိတဲ့ ရင်နီဒုက္ခသည်စခန်း ၂ခု မှာ ရောက်ရှိနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘယ်လိုကြောင့် ဒုက္ခသည်စခန်းကို ရောက်ရှိလာတာလဲဆိုတဲ့ သူတို့ရဲ့ ရင်ဖွင့်သံ လေးတွေကို စုစည်းထား ပါတယ်။ စူးမယ် ရှားတောမြို့နယ် ဒေါစဲရွာမှ ၁၉၉၆ ခုနှစ်မှာ ကရင်နီ ဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ အသက် ၈ဝ ဝန်းကျင် မော်ဘော်မယ် “ဗမာစစ်တပ်တွေ မောင်းထုတ်လို့ ပြေးလွားရင်း ထွက်လာတာ။ သစ်ပင်အောက်မှာပဲ လျောက်အိပ်ရတယ်။ ပုရွက်ဆိတ်လည်းကိုက် ခြင်တွေလည်းကိုက်နဲ့။ ခြုံထဲမှာလဲ အိပ်ရတယ်။ တောထဲမှာ မအိပ်ချင်တော့ဘူး။ […]

#စိုင်းလင်းလင်းဦး အုပ်ချုပ်ရေး(အစိုးရအဖွဲ့)၊ ဥပဒေပြုရေး(လွှတ်တော်များ)န့ဲ တရားစီရင်ရေး(တရားရုံးချုပ်) စတဲ့ မဏ္ဍိုင်ကြီး သုံးခုဟာ မဏ္ဍိုင်တစ်ခုတည်းက လုပ်ပိုင်ခွင့်အာဏာတွေ အလွန်အကျူး မယူနိုင်အောင် အချင်းချင်း ထိန်းညှိ ထိန်းကျောင်း(Check and Balance) လုပ်တယ်ဆိုတာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းက လက်ခံထားတဲ့ အရာဖြစ်ပါတယ်။ မဏ္ဍိုင်အသီးသီးဟာ မျှတတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ပိုင်ဆိုင်ထားကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းနှင့် ပြည်နယ် (၁၄) ခုထဲမှာ ကယား(ကရင်နီ)ပြည်နယ်လွှတ်တော်ကနေ ဥပဒေပြုနိုင်မယ့် (၁၀) ဦးသာရှိတဲ့ ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်မပါ)ဟာ    အခြား  တိုင်းနှင့် ပြည်နယ်နဲ့ ယှဉ်ရင် အရေအတွက် အနည်းဆုံးပါပဲ။ ကယားပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ် (၇)မြို့နယ်အတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၄)ဦးရှိတဲ့အနက် […]

ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ တာဝန်ခံ ဒေါ်ခွန်ဂျာနှင့် တွေ့ဆုံမေးမြန်းခြင်း။ ဦးမြာ လာမယ့် ဩဂုတ်လ အတွင်းမှာ ကျင်းပပြုလုပ်သွားဖို့ လျာထားတဲ့၂၁ ရာစု ပင်လုံညီလာခံကြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တပ်မတော် ၊အစိုးရ နဲ့ ပြည်သူ တွေက ဘယ်လို ကဏ္ဍတွေ ကနေပါဝင်သင့်လဲ၊ ဘာတွေလုပ်ပေးသင့်လဲ၊ နိုင်ငံရေး ပြသနာတွေကို ဘယ်လို အဖြေရှာကြရမလဲ စတာတွေကို ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လှုပ်ရှားနေတဲ့ ကချင် ငြိမ်းချမ်းရေးကွန်ယက်က တာဝန်ခံ ဒေါ်ခွန်ဂျာနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ မေး။ ။ ဒီပင်လုံညီလာခံက တိုင်းရင်းသားတွေအတွက် အပြောင်းအလဲ ဖြစ်လာနို်င်မယ်လို့ မျှော်လင့်ထားပါသလားရှင့်။ ဖြေ။ ။ မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် […]