ဂီတဖျော်ဖြေပွဲမှ ရရှိသည့် ပညာရေးရံပုံငွေ ၃၆ သိန်းကျော်ကို အနုပညာရှင်များအဖွဲ့ လှူဒါန်း

ထ ျို း မြာ ကယားပြည်နယ်၏ ပညာရေးရံပုံငွေပွဲအဖြစ် ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက စင်ကာပူ၌ သွားရောက်ဖျော်ဖြေခဲ့ကြသည့် ကယား  ပြည်နယ်အနုပညာရှင်များအဖွဲ့သည် ရံပုံငွေပွဲမှ ရရှိလာသည့် အလှူငွေ (၃၆) သိန်းကျော်ကို ကယားပြည်နယ်အတွင်းရှိ စာသင်ကျောင်းများသို့ လာရောက်လှူဒါန်းခဲ့ကြသည်။ နာမည်ကြီး အဆိုတော်များဖြစ်ကြသည့် အောင်ထက်၊ ဟက်ကက်၊ သောမတ်စ်ကောင်းမြတ်နှင့် မော်ဒယ် ကယ်ရိုလိုင်းတို့ ပါဝင်သည့် ကယားပြည်နယ်မှ အနုပညာကြယ်ပွင့်များ (Karenni Artistes Association) အဖွဲ့သည် (၁၄၁) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ပြီးခဲ့သည့် ဇွန်လအတွင်းက စင်ကာပူတွင် ဂီတဖျော်ဖြေပွဲတစ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဒီးမော့ဆိုမြို့ ယူဆမိုဆိုအလယ်တန်းကျောင်းသို့သွားရောက်လှူဒါန်းစဉ်ပုံ။ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် ဂယက်စု(ခ)လိပ်ပုတ်ကုန်း မူလတန်းလွန်ကျောင်းတွင် ဆယ်သိန်းနှင့်ခုနှစ်သောင်း၊ […]