Tuesday, January 18, 2022
- Advertisement -

TAG

IDPs

စစ်မီးကြားက စစ်ရှောင်တွေရဲ့ သောကမီး

ကန္တာရဝတီတိုင်း(မ်) "အရင်တစ်ခေါက်တုန်းက ပထမဆုံးတစ်ခေါက်တုန်းက ကြိုတင်ပြင်ဆင်မှုတော့ မရှိဘူး။ နောက်ပိုင်းမှာတော့ ထပ်လာမှာပဲဆိုပြီးတော့ တောထဲမှာ တဲဆောက်ထားကြတာပေါ့။ တဲဆောက်ပြီးတော့ ရိက္ခာပါပါ ပို့ထားကြတာပေါ့။ နောက်ကျ ထပ်ဖြစ်လာရင်...

အိမ်အပြန်လမ်း မသေချာသေးတဲ့ ကရင်နီ စစ်ရှောင်များ

တိတ်ဆိတ်တဲ့ တောတောင် သစ်ပင်ကြီးတွေ အောက်မှာ တဲအိမ်ကလေးဆောက်ပြီး ခရီးသွားအပန်းဖြေဖို့ ဆိုတဲ့ အတွေးက တချို့သောသူတွေရဲ့ စိတ်ကူးထဲ သွားချင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကရင်နီဒေသက တချို့သောသူတွေအတွက်ကတော့ တောထဲတောင်ထဲမှာ မိုးကာအစိမ်းတွေနဲ့ ကိုယ်စီတဲအိမ်လုပ်ပြီး...

ကရင်နီပြည်နယ်ရဲ့ လူဦးရေ လေးပုံတစ်ပုံ စစ်ဘေးရှောင်နေရ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုတွေ ပြင်းထန်တဲ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ အမြောက်တွေကို ရမ်းသမ်းပစ်ခတ်တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ( စစ်လေးရှောင်လူဦးရေ ) ဟာ ပြည်နယ်ရဲ့ လေးပုံတစ်ပုံ ရှိနေပြီလို့...

စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးရေးမလုပ်နိုင်တော့ပဲ စားဝတ်နေရေးအတွက် ပူပန်နေရ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့စဉ်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေတဲ့အပြင် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများသာမက ကျေးလက်နေ ပြည်သူများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ စစ်ဘေးရှောင်များထဲမှ...

စစ်ရှောင်တဲ့နေရာမှာ ၁နှစ်အောက်ကလေးငယ်တွေ နာမကျန်းအဖြစ်များနေပြီး ဆေးဝါးလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တို့အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာနေ ပြည်သူတို့က လွတ်ရာနေရာမှာ တိမ်းရှောင်နေကြရသလို ရှောင်တိမ်းတဲ့နေရာမှာ မွေးကင်းစ လသားအရွယ်ကစ ၁နှစ်အောက် ကလေးငယ်တွေ နာမကျန်းအဖြစ်များနေတာကြောင့် ဆေးဝါးလိုအပ်နေတယ်လို့...

ကိုဗစ်ထက် စစ်ဘေးဒဏ်ကြောက်နေရတဲ့ တိုင်းရင်းသားတွေရဲ့ဘဝ

စိုးထိုက်အောင် ကမ္ဘာတစ်ဝှမ်းကပ်ရောဂါ ကြုံတွေ့နေကြရတဲ့အချိန်မှာ ပြည်သူတွေ ရောဂါကူးစက်မခံရလေအောင် ဂရုတစိုက်နဲ့ အိမ်မှာနေနေကြရတဲ့အချိန်မှာ လက်ရှိမြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတွေဘက်မှာကတော့ စစ်ဘေးတွေနဲ့ ကြုံနေရလို့ ဒီရောဂါကူးစက်မှု ထိန်းချုပ်ဖို့ထက် စစ်ဘေးဒဏ်ကနေ မနည်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ရခိုင်ပြည်နယ်နှင့်...

စစ်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ ရှားတောမြို့နယ်ထဲက ဒေသခံတွေရဲ့ ငြိမ်းချမ်းရေးအမြင်

မော်ဦးမြာ ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် ယခင် ဖြတ်လေးဖြတ်စစ်ဘေးဒဏ်ခံရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာတွေ ကျေးရွာတွေ တော်တော်များများ ပျက်စီးခံခဲ့ရပါတယ်။ တချို့ဒေသခံတွေအများစုက နယ်စပ် ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်ကြသလို ရှားတော့မြို့ပေါ်က စုစည်းရွာမှာလည်း သွားရောက်ပြေးရှောင်နေထိုင်ခဲ့ကြပါတယ်။ အခုချိန်ထိ...

တော့ဆန် ရွာပြန်ချင်တဲ့သူတွေရဲ့ဘဝ

သူဌေးတွေအတွက် ထမင်းဟင်းချက်တဲ့ မီးဖိုဆောင်ခန်းလောက် အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက် နေထိုင်နေကြပါတယ်။ သူတို့တွေကတော့ ပိုလီယိုရောဂါရှိလို့ လမ်းမလျှောက်နိုင်တဲ့ အသက်သုံးဆယ်အရွယ်အစ်ကိုရယ်၊ ဒုကိ္ခတဘဝနဲ့နေနေရတဲ့ အသက်ငါးဆယ့်ငါးနှစ်အရွယ်အမေတစ်ယောက်ရယ်နဲ့ ကလေးသုံးယောက်ရယ်ကို ဦးဆောင်စီမံရတဲ့သူကတော့ အသက်၂ရနှစ်အရွယ်ရှိတဲ့ ဒေါ်ဆိုင်ခေါင်လေးပါ။ ဘုရားစင်၊ အိပ်ယာခင်း၊ ထမင်းအိုးဟင်းအိုး၊ အဝတ်ထုတ်တွေနဲ့ပြည့်နေတဲ့ သုံးထပ်သားခင်း အခန်းငယ်လေးတစ်ခန်းထဲမှာ မိသားစုခြောက်ယောက်နေနေရတဲ့နေရာကတော့ ရှမ်းပြည်မြောက်ပိုင်း၊...

ဒုက္ခသည်များမှတ်ပုံတင်ပြုလုပ်ရန် အခက်အခဲရှိနေ

ပြန်လည်အခြေချနေထိုင်မည့် ဒုက္ခသည်များနေရာအတည်တကျနေထိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ်နိုင်ရန် အခက်အခဲရှိနေသည်ဟု ရှားတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းက ပြောသည်။ "ဒုက္ခသည်စခန်းကနေပြီးတော့ပြန်လည်အတည်တကျနေထိုင်တာမျိုးတော့မရှိသေးဘူး။ သွားလိုက်ပြန်လိုက်ဆိုတာမျိုးရှိတယ်။သူတို့ပြန်လည်အခြေချနေထိုင်ဖို့ခက်ခဲတယ်။" ဟု ဒေါ်ဝင့်ဝါထွန်းကပြောသည်။ နယ်စပ်ဒုက္ခသည်စခန်းတွင် နေထိုင်သူများအနေဖြင့် အတည်တကျပြန်လည်နေထိုင်တာမျိုးမရှိသေးသော်လည်း တောင်ယာလုပ်ကိုင်စိုက်ပျိုးလိုသူတချို့က ဒုက္ခသည်စခန်းနှင့်ကျေးရွာများသို့ အသွားအပြန်ပြုလုပ်၍ စိုက်ပျိုးနေကြသည်။ မယ်စဲမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဒုက္ခသည်စခန်းမှ ပြန်လည်လာရောက်နေထိုင်သူ တချို့ရှိနေသော်လည်း မှတ်ပုံတင်ပြုလုပ်ရန် အခက်အခဲရှိနေသည်ဟု ဖွံ့ဖြိုးရေးလုပ်ငန်း...

ကရင်နီဒုက္ခသည် ဆိုုတာ

ဇွန်လှိုင်လ ၂ဝ ရက်နေ့မှာ ကျရောက်တဲ့ ကမာ္ဘ့ဒုက္ခသည်များနေ့ မှာ ထိုင်းမြန်မာ နယ်စပ်က လူဦးရေ ၁၅၀၀ဝ ခန့် ရှိတဲ့ ရင်နီဒုက္ခသည်စခန်း ၂ခု မှာ ရောက်ရှိနေကြတဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘယ်လိုကြောင့် ဒုက္ခသည်စခန်းကို ရောက်ရှိလာတာလဲဆိုတဲ့ သူတို့ရဲ့ ရင်ဖွင့်သံ လေးတွေကို...

Latest news

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာများကို တောင်ကြီးကိုရွေ့ပြောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာတွေ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တောင်ကြီးမြို့ကို ရွေ့ပြောင်းသွားတယ်လို့ လွိုင်ကော်မြို့ဒေသခံဆီကနေ သိရပါတယ်။ “တောင်ကြီးကို ပြောင်းချင်တဲ့သူက...

လွိုင်ကော်တိုက်ပွဲအတွင်း ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်းမှ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ဒေါတမရပ်ကွက်နေ ဒေသခံပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “ တစ်ယောက်ထိထားတယ်။ ဝင်ခေါ်လို့လည်း မဖြစ်နိုင်သေးဘူး။ ဆေးရုံပို့ဖို့လည်း...

ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူတွေအတွက် လုံခြုံတဲ့ စစ်မဲ့ဇုံ သတ်မှတ်ဖို့လိုအပ်နေ

ကန္တာရဝတီတိုင်း(မ်) စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေ ထိုးစစ်ဆင်ခံနေရတဲ့ ကရင်နီပြည်သူလူထုတွေရဲ့ ဘဝ လုံခြုံတဲ့ စစ်မဲ့ဇုံ Safe Zone သတ်မှတ်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ် တယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်ဆန်းမြင့် က...

ကရင်နီပြည်နယ်ရဲဌာန(KSP)နှင့် တွေ့ဆုံမေးမြန်းခြင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်ရဲဌာန (KSP) ဟာ CDM လုပ်တဲ့ ရဲတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပြီး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) လက်အောက်က ဌာနတစ်ခုလည်းဖြစ်ပါတယ်။ KSP ကနေပြီးတော့ ကရင်နီပြည်အတွင်း ဖမ်းဆီးရမိထားတဲ့...

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ရှောင်ပြည်သူများ ဦးတည်ရာမဲ့နေဖြစ်နေကြရ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ် ဖရူဆိုမြို့အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုကို ဒီကနေ့ မနက် ၁နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုခံရပြီးနောက် စစ်ရှောင်ပြည်သူတွေ ထပ်မံစစ်ရှောင်ဖို့အတွက် ဦးတည်ရာမဲ့ ဖြစ်နေကြရပါတယ်။ “ ဘယ်ကိုသွားရမှန်းမသိ ဦးတည်ရာမဲ့ကုန်ပြီ အနီးအနားက...
- Advertisement -