spot_img
Homeသတင်းမိုးဗြဲမြို့အနောက်ခြမ်းက တိမ်းရှောင်နေရတဲ့ နေအိမ်နဲ့ ဆိုင်တွေမှာ ပစ္စည်းခိုးယူခံရမှုရှိနေ

မိုးဗြဲမြို့အနောက်ခြမ်းက တိမ်းရှောင်နေရတဲ့ နေအိမ်နဲ့ ဆိုင်တွေမှာ ပစ္စည်းခိုးယူခံရမှုရှိနေ

-

ကန္တာရဝတီတိုင်း (မ် )

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ ဒေသခံတွေ တိမ်းရှောင်နေချိန် နေအိမ်နဲ့ ဆိုင်တွေထဲ ပစ္စည်းမွှေနှောက်တာ၊ ခိုးယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါကျေးရွာက ဒေသခံအများစုဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလ ဒုတိယပတ်ကတည်းက နေအိမ်တွေကို စွန့်ခွာပြီး တိမ်းရှောင်နေကြတာပါ။

ဒေသခံတွေ တိမ်းရှောင်နေချိန် နေအိမ်နဲ့ ဆိုင်တွေထဲ ဝင်ရောက်မွှေနှောက်တာတွေရှိပြီး တချို့ပစ္စည်းတွေလည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ဆိုင်တွေမှာ ပစ္စည်းမွှေတယ်။ ကျမတဲနားမှာ။ ကျမတော့ မပျောက်ဘူး။ ကျမတဲတော့ ပွနေတာပဲ၊ မွှေထားတာ။ ပိုက်ဆံရှာတာဖြစ်မယ်။ ကျမတဲဘေးနားက ဈေးရောင်းတယ်ကော၊ အဲဒီနားတော့ နည်းနည်းပါသွားတယ်” လို့ သူမက ပြောပါတယ်။

အခုလို ပစ္စည်းမွှေနှောက် ခိုးယူမှုတွေရှိနေတယ်လို့ သတင်းကြားသိရပြီးနောက် ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ကလည်း လုံခြုံရေးအတွက် စောင့်ကြည့်ပေးတာတွေ ရှိလာတယ်လို့ သူမက ဆက်ပြောပါတယ်။

လုံခြုံရေးအခြေအနေကြောင့် နေအိမ်တွေကို စွန့်ခွာတိမ်းရှောင်နေရချိန်မှာ ကိုယ်ပိုင်ပစ္စည်းတွေပါ ပျောက်ဆုံးခိုးယူခံရမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ