ဦးမြာ ကယား( ကရင်နီ) ပြည်နယ်အတွင်း သစ်မှောင်ခိုများအား တားဆီးအရေးယူရာတွင် အဓိက ကုမ္ပဏီများကိုသာ တားဆီးအရေးယူသင့်သည်ဟု ဖရူဆိုမြို့နယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီးက ပြောသည်။ “အခုပိတ်ချင်တာက ကျနော်တို့ ကိုင်ချင်တာက အဓိက ကုမ္ပဏီကြီးတွေပေါ့နော။ အခြား ပြည်နယ်တို့ တိုင်းတို့က လာတဲ့လူတွေ နောက်ပြီး တချို့ အကြီးအကဲနဲ့ ပေါင်းပြီးမှ အဆမတန် ခုတ်ထုတ်တဲ့လူတွေပေါ့နော။ ”ဟု ပြောသည်။ ကယား( ကရင်နီ ) ပြည်နယ်တွင် သစ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး (၉) ခုရှိပြီး ၎င်းတို့မှာ သတ်မှတ်ထားသည့် တန်ချိန်ထက် များစွာပိုသည့် တန်ချိန်များ တင်ပို့နေသည့်အတွက် တားဆီးနိုင်ရန် သေချာကြပ်မတ်သင့်သည်ဟုလည်း ၎င်းကဆိုသည်။ […]