နော်ဒွေးအယ်ခူ သံလွင်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်ခြင်း အလိုမရှိကြောင်းကိုလည်း သံလွင်မြစ်ကမ်းတစ်လျှောက် တိုင်းရင်းသားအရပ်ဖက်အဖွဲ့အစည်းတွေက ကမ်ပိန်းပြုလုပ်ခဲ့ကြတယ်လို့ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်၊ ကရင်ပြည်နယ်မှ နန်းမိုးသောက်ပန်းက ပြောပါတယ်။ နန်းမိုးသောက်ပန်းက “မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သံလွင်မြစ်နဲ့အတူ တစ်နိုင်ငံလုံးမှာရှိတဲ့မြစ်ချောင်းတွေအပေါ်မှာ ရေကာတာဆည်ဆောက်ခြင်းကို ကန့်ကွက်တယ်ဆိုတဲ့အကြောင်းကို ကျမတို့က လာရောက်စုရုံးပြီးတော့မှ လုပ်ရှားမှုကို ပိုပြီးအားအင် ရပ်တည်ချက်ကို ထင်ရှားအောင်ပြတဲ့ ပွဲမျိုးဖြစ်ပါတယ်”လို့ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာမြစ်ချောင်းထိန်းသိမ်းရေးနှင့်ရေကာတာဆန့်ကျင်ရေးနေ့ အခမ်းအနားကို ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့က ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ အီဒူထာကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့အပြီး ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်နှင့် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက် တို့မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ကရင်နီ၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ပအိုဝ်၊ တကူး၊ တအာင်း စတဲ့တိုင်းရင်းသားကိုယ်စားများ နဲ့ ဒေသခံကရင်တိုင်းရင်းသား အများအပြား […]