ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါး တန်ဖိုုး ၃ သိန်းကျော်ဖမ်းမိ

မူအက်စတာ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အိုကေအုပ်စု၊ သာယပ်ကျေးရွာတွင် ဩဂုတ်လ ၁၂ရက်နေ့ နံနက်(၀၁းဝ၀)အချိန်တွင် မူးယစ်ဆေးဝါးနှင့် အခြားသက်သေခံပစ္စည်းများ ထပ်မံဖမ်းမိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်၊ မြို့မရဲစခန်း၊ ရဲမှတ်တမ်းများမှ သိရှိရ သည်။ ဒီးမော့ဆိုမြို့နယ် အိုကေအုပ်စု၊ သာယပ်ကျေးရွာနေ ဦးသာရှို(ခ)မောင်ရှို၏နေအိမ်တွင် မူးယစ်ဆေးဝါးရောင်း ဝယ်နေကြောင်းနှင့် သုံးစွဲသူများ ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၁/၂၀၁၆)ဖြင့် သက်သေများနှင့်အတူ ဦးသာရှို၏နေအိမ်သို့ ဒီးမော့ဆိုမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးမိုးနိုင်ဦးစီးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ သာရှို၏နေအိမ်တွင် သာရှို၊ စောသာထူး၊ မောင်သန်း၊ မောင်ယုန်းတို့အား တွေ့ရှိရပြီး (WY) စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၁၇)ပြား ခန့်မှန်းတန်ဖိုးငွေ ကျပ်(၃၀ဝ ဝ၀ဝ )ခန့်၊ ပွိုင့် […]

ကယားပြည်နယ် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်လိုသည့် အမျိုးသမီးများပြား

မူအက်စတာ ကယား(ကရင်နီ) ပြည်နယ်အတွင်း ရဲတပ်သားတာဝန်ထမ်းဆောင်ရန် အမျိုးသားများထက် အမျိုးသမီးများက ပိုမိုစိတ်ဝင်စား လျက်ရှိပြီး လာရောက်လျှောက်ထားသူများပြားခဲ့သည်ဟု ပြည်နယ်ဒု/ရဲအုပ် လင်းသူမောင်က ပြောသည်။ “ ရဲက ဝါသနာနဲ့လည်းဆိုင်တယ်၊ မိန်းကလေးတွေ ပိုများနေတယ်ဆိုတာကတော့ ဒီကယားပြည်နယ်မှာ မိန်းကလေးတွေက ရဲမေလုပ်ဖို့ ပိုပြီးတော့ဝါသနာပါတယ် လို့ ပြောရမှာပေါ့ ” ဟု ဒုရဲအုပ်လင်းသူမောင်က ပြောသည်။ ကယားပြည်နယ်တွင် ရဲတပ်သားပေါင်း (၁၉၀)ဦး စုဆောင်းရန်အတွက် လျှောက်လွှာများခေါ်ယူခဲ့ရာတွင် လာရောက်လျှောက်ထားသူပါင်း (၂၄၀) ဦးရှိခဲ့ပြီး ထိုအထဲတွင်မှ အမျိုးသမီးဦးရေ (၁၆၀) ဦး ပါဝင်လာခဲ့သည်။ပြည်နယ်အတွင်း အလုပ်သမားကဒ် လာရောက်လျှောက်ထားသူများထဲတွင်လည်း ရဲမေအလုပ်အတွက်လျှောက်ထားသူအများဆုံး ဖြစ်ခဲ့သည်ဟု အလုပ်သမားဦးစီးဌာနမှ ဒုဦးစီးမှူးကပြောသည်။ “အများဆုံးလာလျှောက်ထားတာကတော့ ရဲလုပ်မယ့်သူတွေပဲ၊ ရဲမေတွေရောပေါ့။ ရဲတွေကိုသီးသန့်လုပ်ပေးတာ […]