spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

ကချင်ပြည်မှာ ပြည်သူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကို ရှုတ်ချကြောင်း KSCCထုတ်ပြန်

ကန္တာရဝတီတိုင်း(မ်)

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဖွဲ့စည်းတည်ထောင်တဲ့ (၆၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် KIOအရာရှိတွေနဲ့ ကချင်အနုပညာရှင် တချို့ အပါအဝင် ပြည်သူ ၈၀ ဦးထက်မနည်း သေဆုံးပြီး ရာဂဏန်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ စစ်ကောင်စီလုပ်ရပ်ကို ရှုတ်ချကြောင်း ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)က ထုတ်ပြန်ပါတယ်။

ပြည်သူလူထုရဲ့ လုံခြုံရေးကို ခြိမ်းခြောက် အကြမ်းဖက်နေတဲ့ စစ်အာဏာရှင် မှန်သမျှကို တိုင်းရင်းသားညီအစ်ကိုတွေနဲ့အတူ အဆုံးထိ တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပါရှိပါတယ်။

အောက်တိုဘာလ ၂၃ရက် ည ၉နာရီအချိန် မှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ အခြေစိုက်ရာ အနန့်ပါ ဒေသမှာဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချကြောင်း နဲ့ အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုတွေအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်၊ သဝဏ်လွှာတွေကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ညီနောင်မဟာမိတ် ၃ဖွဲ့ ဖြစ်တဲ့ ကိုးကန့် (MNTJP/ MNDAA) ၊ တအာင်း(PSLF/TNLA)၊ ရခိုင် (ULA/ AA) အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ဒေသတွင်း အဖွဲ့အစည်းအများအပြားကလည်း ထုတ်ပြန်ထားကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း စစ်ကောင်စီကနေပြီး လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံ ကျူးလွန်ပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတဲ့အပေါ် တရားမျှတမှု ပြန်လည်ရရှိဖို့အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ အောက်တိုဘာလ ၂၄ရက်နေ့ ထုန်ပြန်ချက်မှာ ပြောဆိုထားပါတယ်။