spot_img
Thursday, June 1, 2023
spot_imgspot_imgspot_imgspot_img

ဆောင်းပါး

“ရှေ့တန်းစစ်မြေပြင်မှ အညတရ အမျိုးသမီး”

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) “မော်မီမာ” …….. သူမကတော့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး FBR လို့ ခေါ်ကြတဲ့ “Free Burma Ranger” သင်တန်းဆင်းတစ်ဦးပါ။ လက်ရှိမှာတော့ သူမဟာ စစ်မြေပြင်ဖြစ်တဲ့ ကရင်နီပြည်နယ်ထဲက နေရာဒေသတွေမှာ ကူညီကယ်ဆယ်ရေး၊ ဆေးကုသရေးတွေ ပြုလုပ်နေပါတယ်။ ရှေ့တန်းစစ်မြေပြင်မှာ အမျိုးသားတွေနဲ့တန်းတူ ကယ်ဆယ်၊ ကုသ မှုတွေကို ပြုလုပ်နေတာပါ။ “တော်တော်လေးခက်ခဲကြမ်းတမ်းတယ်ပေါ့နော။ တောင်တက်...

စက်သုံးဆီဈေးမြင့်တက်လို့ မလည်ပတ်နိုင်တော့တဲ့ ရွာမီးစက်

ကန္တာရဝတီတိုင်း(မ်) ဖယ်ခုံမြို့နယ်က ကျေးရွာတစ်ရွာမှာ ကိုယ်ထူကိုယ်ထ ရွာမီးစက်ကို မလည်ပတ်နိုင်တော့ပဲ ရပ်နားထားတာ ခုဆိုရင် နှစ်နှစ်လောက်ရှိသွားပြီ ဖြစ်ပါတယ်။ အဲ့ဒီမီးစက်ကို ၂၀၁၈ ခုနှစ်မှာ အလှူရှင်တစ်ဖွဲ့က လှူဒါန်းခဲ့တာဖြစ်ပြီး ဒီဇယ်ဆီအတွက် ကျေးရွာရဲ့ ကောက်ခံရရှိငွေတွေနဲ့ ရွာကို မီးပေးနိုင်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် စက်သုံးဆီဈေးနှုန်းမြင့်တက်လာတာကြောင့် ကျေးရွာသူ၊ကျေးရွာသားတွေ စက်သုံးဆီအတွက် ငွေကြေးထည့်ဝင်ဖို့ အခက်အခဲရှိလာလို့ လေးနှစ်လောက်လည်ပတ်ခဲ့တဲ့ ရွာမီးစက်ကို ရပ်နားထားခဲ့ရတာပါ။ "မီးလင်းဖို့ဆို အိမ်ခြေ အိမ်တိုင်းကောက်ရတာပေါ့။ တစ်အိမ်ထောင် တစ်လဆို...

“လက်ဝှေ့ချန်ပီယံဖြစ်ချင်တဲ့ အန်တောညို (M Taw Nyo)”

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) ကယန်းလူငယ်တစ်ဦးဖြစ်တဲ့ M Taw Nyo ( အန်တောညို ) ဟာ လက်ဝှေ့ချန်ပီယံ ဖြစ်ချင်သူပါ။ သူက ဆယ်တန်းကျောင်းသားတစ်ဦးပါ။ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် ဆယ်တန်းကို ပြီးဆုံးအောင် တက်ခွင့်မရခဲ့ပါဘူး။ လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဖာငံခရိုင်မှာ ထိုင်းရိုးရာလက်ဝှေ့ ( မွေထိုင်း )ပညာကို လေ့လာပြီး ယှဉ်ပြိုင်ထိုးသတ်ပွဲတွေလည်း ၂၀၂၂ ခုနှစ်မှာ စတင် ပါဝင်နေပါပြီ။ သူဟာ...

တစ်နေ့ကျရင် ရွာမှာ မိသားစုစုံစုံလင်လင်နဲ့ ပြန်နေချင်တယ်

ကန္တာရဝတီတိုင်း(မ်) “ ရွာမှာနေတုန်းကဆို မိသားစုစုံစုံလင်လင်နဲ့ ပျော်စရာ ကောင်းခဲ့တယ်။ ဒီကိုရောက်တာတော့ အိပ်မက်လိုပဲလေ။ ” ဒီစကားကိုတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေတဲ့ အသက် (၅၃) နှစ်အရွယ် ဒေါ်ဘူးမြာက ပြောနေတာပဲဖြစ်ပါတယ်။ သူမဟာ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ နေထိုင်ခဲ့သူပါ။ အာဏာမသိမ်းခင်အချိန်ထိ ဒေါ်ဘူးမြာဟာ မိသားစုဝင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်ခဲ့ပေမယ့်၊ အာဏာသိမ်းပြီးနောက်ပိုင်း အိမ်အပါအဝင် မိသားစုအသိုက်အမြုံဘဝတွေကိုပါ ဆုံးရှုံးလိုက်ရတာပါ။ ထိုင်းနိုင်ငံကို မရောက်ခင် မိသားစုနဲ့အတူ လွိုင်ကော်...

“ကန့်လန့်ကာနောက်ကွယ်က နို့တိုက်မိခင်”

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) 125 ဆိုင်ကယ် အနက်ရောင်လေး တစ်စီးကို မောင်းပြီး ၄၅ မိနစ်ခန့် ဝေးတဲ့ တောင်ထိပ်တစ်နေရာကို ဖုန်းလိုင်းရဖို့ ၊ အင်တာနက် အသုံးပြုဖို့ နို့စို့အရွယ်ကလေးငယ်ကို စစ်ရှောင်တဲမှာ ချန်ပြီး နေ့စဉ် သွားလာလှုပ်ရှားနေသူက အသက် ၃၀ အရွယ် မူရီ။ တစ်နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်နဲ့ ငါးနှစ်အရွယ် သားလေးတစ်ဦးကို ကလေးထိန်းပေးသူ စစ်ရှောင်အမျိုးသမီးတစ်ဦးနဲ့ ထားခဲ့ပြီး၊...

ရေရှားပါးမှုနှင့် ကရင်နီစစ်ရှောင်များ၏ ကျန်းမာရေးအကျပ်အတည်း

ကန္တာရဝတီတိုင်း(မ်) “ လောလောဆယ် အရမ်းခက်ခဲတာ ရေ၊ နံပါတ် ၁ က ရေပဲ၊ ရေပြီးရင်တော့ စားနပ်ရိက္ခာပဲပေါ့နော်။ ပြီးတော့ ကျန်းမာရေးပေါ့ ” ဒီစကားကတော့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ကျန်းမာရေးကုသပေးနေတဲ့ “မူကယန်း” အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောလိုက်တာပဲဖြစ်ပါတယ်။ ကရင်နီပြည်ဟာ ဆောင်းအကုန်ကစလို့ မေလကနေ ဇွန်လအထိ ရေရှားပါးမှုပြဿနာကို နှစ်စဉ် ဆိုသလို ကြုံတွေ့နေရတာပါပဲ။ သာမာန်အချိန်မှာ ရေရှားပါးမှု ပြဿနာကို...

Popular