spot_img
Thursday, June 1, 2023
spot_imgspot_imgspot_imgspot_img

အယ်ဒီတာ့ထံ ပေးစာ

ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်သာ တည်ဆောက်နိုင်မည့် ဖယ်ဒရယ် ဒီမိုကရေစီစနစ်

ကျော်စိုးသူ ရေးသားသည်။ မြန်မာနိုင်ငံသား၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြောခဲ့သော တိုင်းပြည်အုပ်ချုပ်သော စနစ်များထဲတွင် ဒီမိုကရေစီစနစ်သည် လွန်စွာခက်ခဲပေသည်။ ဒီမိုကရေစီစနစ်အောင်မြင်ရန် ပြည်သူတို့၏ အသိဉာဏ်၊ ဆင်ခြင်တုံတရား များစွာလိုအပ်မည်ဟူသော အဆိုအမိန့်ကို အမြဲတမ်းသတိရမိပေသည်။ သို့မဟုတ်ပါက ဗယုသုက္ခကိုသာ ဖြစ်စေလိမ့်မည်ဟူသော ပြောကြားချက်ကို ထပ်မံဆင်ခြင်မိပေသည်။ လက်ရှိမြန်မာပြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးတည်နေတာကို တွေ့ရပေသည်။ နိုင်ငံရေးပါတီများမှ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးကို ဖွဲ့စည်းကာ ထိုလွှတ်တော်များမှတစ်ဆင့် ဖွဲ့စည်းသော အစိုးရအသီးသီးဖြင့်...

နိုင်ငံခြားပညာသင်ဆု (Scholarhsip)တို့မည်သည် (အပိုင်း – ၁)

ခူးကြူးဖဲကေး (ကရင်နီအမျိုးသား) ရေးသားသည်။ မိမိကိုယ်တိုင် ကယား(ကရင်နီ)ပြည်နယ်မှာ ယခင်က နေထိုင်ချိန်တွင်မူ နိုင်ငံခြားပညာတော်သင်သားဘဝကို အင်မတန်မှ လျှို့ဝှက်နက်နဲတဲ့ ပုစ္ဆာတစ်ခုအနေနဲ့ ထင်မြင်ယူဆခဲ့ဖူးပါတယ်။ တကယ်တော့ နိုင်ငံခြားပညာ သင်သားဘဝဆိုတာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ အနှစ်သာရတစ်ခုထက်မပိုတဲ့ စိန်ခေါ်မှု သက်သက်ပါပဲ။ ရှေးယခင်ကပင် စာရေးသူတို့ပြည်နယ်ရဲ့ အကြီးအကဲခေါင်းဆောင်တွေက ပြည်နယ်မှာရှိတဲ့ ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို ပညာတော်သင်စေလွှတ်ပြီး တချိန်ကျရင် ပြည်နယ်ရဲ့ အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်နယ်ရဲ့ တိုးတက်ရေးတွေကို ဦးဆောင်ဦးရွက် ပြုစေချင်ခဲ့တာတွေကို...

“ဒေသဖွံ့ဖြိုးရေး”ရန်ပုံငွေများ အကြောင်း

ကျော်စိုးသူ (Economic Development) လွန်ခဲ့သော အစိုးရအဆက်ဆက်ကတည်းကပင် ဘတ်ဂျတ်၏ စည်းကမ်းတင်းကြပ်မှုများကို အကြောင်းပြု၍ ရုံးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် တရားမဝင်ဘတ်ဂျတ်ပြင်ပဖန်ရန်ပုံငွေများစွာ ထားရှိ သုံးစွဲခဲ့ကြပေသည်။ ၎င်းရန်ပုံငွေများသည် ဌာနအဖွဲ့အစည်းများအတွက် ကောင်းကျိုး အနည်းငယ်သာရှိပြီး စည်းမျဉ်းစည်းကမ်းမရှိသောကြောင့် နို်င်ငံနှင့် ပြည်သူများအတွက် အကျိုးကျေးဇူး ဖြစ်ထွန်းခဲ့ခြင်း မရှိပေ။ လူတစ်ဦးတစ်ယောက်နှင့် လူတစ်စုအတွက်သာ အကျိုးကျေးဇူးဖြစ်ထွန်းစေခဲ့သည်။ ဗဟိုချုပ်ကိုင်မှု အားကောင်းခြင်း၊ ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် အပြန်အလှန်ထိန်းကြောင်းမှု အားနည်းခဲ့သော အစိုးရစနစ်တို့၏ အကျိုးရလာဒ် ပင်ဖြစ်ပေသည်။...

ကယားပြည်နယ်လွှတ်တော်နှင့် အစိုးရကို လေ့လာခြင်း ( ၂ )

ကယားပြည်နယ်လွှတ်တော်ကို လေ့လာခြင်း ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို ဇူလိုင်လ ၂ဝ နှင့် ၂၁ ရက်နေ့တွင် ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ ယင်းသည် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်၏ သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်ပေသည်။ ပြီးခဲ့သော ပုံမှန် အစည်းအဝေး ၅ ကြိမ်နှင့် အရေးပေါ် အစည်းအဝေး ၃ ကြိမ်တွင် ကယားပြည်နယ်လွှတ်တော်မှ...

ကြားဖြတ်ရွေးကောက်ပွဲအလွန် ကယားပြည်နယ် လွှတ်တော် နှင့် အစိုးရကို လေ့လာခြင်း

ကျော်ထင်အောင် ရေးသားသည်။ ကယားပြည်နယ်လွှတ်တော်ကို ကယားပြည်နယ်ရှိ မြို့နယ် ( ရ ) မြို့နယ်မှ တစ်မြို့နယ်လျှင် ( ၂ ) ဦး ကျစီဖြင့် ပြည်သူလူထုမှ ရွေးကောက်တင်မြောက်သည့် လွှတ်တော်ကိုယ်စားလှယ် ( ၁၄ ) ဦး ၊ ကယား ပြည်နယ်ရှိ လူဦးရေ စုစုပေါင်း၏ ( ဝ.၁ ) ရာခိုင်နှုန်းနှင့် အထက်ရှိ...

Popular