မင်္ဂလာပါရှင်…..
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ စက်တင်ဘာ လ ၂၁ ရက် ကြာသာပတေးနေ့ ရုပ်သံသတင်း အစီအစဉ်
- တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံနဲ့ လွိုင်ကော် မြို့နယ်ထဲက နေရာ နှစ်ခုကို စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
- KNDF ဗျူဟာ ၆ ရဲ့ သိန်းတစ်သောင်း ကမ်ပိန်း ဟာ လက်ရှိမှာ ၃၀ ရာခိုင်နှုန်းသာရှိနေသေးတဲ့အတွက် ဆက်လက်ကူညီဖို့ဖိတ်ခေါ်ထားပါတယ်။
- စစ်ရှောင်အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းက ဝင်ငွေရရှိဖို့ ရိုးရာယက်ကန်း သင်တန်းပြုလုပ် ပေးနေပါတယ်။
- လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် ချေးငှားပြီးစားသောက်နေရတယ်လို့ သိရပါတယ်။ ….စတဲ့သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။