Wednesday, January 27, 2021

ကယားပြည်နယ်တွင် ဝက်သေဆုံးမှုရှိနေဆဲ

Must read

နွေသုံးရေ မလောက်မှာစိုး

https://youtu.be/0ZngsF4J2CQ နွေရာသီတောင် မရောက်သေးဘဲ သောက်သုံးရေတောင် လုံလုံလောက်လောက် မရရှိတော့တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တဖိုကျေးရွာအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။

အစိုးရဌာနဆိုင်ရာတွေကနေ (၂.၂) ဘီလီယံကျော်အသုံးပြုဖို့ ထပ်မံတောင်းဆို

ကန္တာရဝတီတိုင်း(မ်) အစိုးရဌာနဆိုင်ရာတွေကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်တွေကို (၂.၂)ဘီလီယံကျော် တင်ပြတောင်းဆိုလိုက်ပါတယ်။ ကယားပြည်နယ်ရဲ့ ၂၀၂၀-၂၁ခု ဘဏ္ဍာနှစ်အတွက် ဌာနဆိုင်ရာအားလုံးအတွက် ခန့်မှန်းခြေအသုံးစရိတ်က (၈၈) ဘီလီယံဖြစ်ပြီး ယခုဖြည့်စွက်ခွင့်ပြုငွေ...

လယ်ယာမြေကို အကွက်ရိုက်ရောင်းချနေမှုတွေနဲ့ ပုံစံ ၇ ကို ဥပဒေနဲ့အညီမဟုတ်ပဲ ထုတ်ပေးသူ ဝန်ထမ်းများကို အရေးယူမည်

မီမြာ လွိုင်ကော်မြို့အတွင်းမှာ ပုံစံ(၇) ရရှိပြီးဖြစ်တဲ့ တချို့သော လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေတာတွေနဲ့ ဥပဒေနဲ့ မညီပဲ ပုံစံ ၇ ထုတ်ပေးတဲ့ ဝန်ထမ်းတွေစိစစ်ပြီး အရေးယူသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ပြောပါတယ်။

ကယားပြည်နယ် ရှားတောနေရပ်ပြန်တွေ မူလအခြေအနေကိုပြန်ရောက်နိုင်မလား…

လှရိပ် စစ်ဘေးကြောင့်ဒေါ်ပိုးမယ်ဟာ ထိုင်းနယ်စပ်ကဒုက္ခသည်စခန်းကို သွားရောက်ခိုလုံခဲ့ပါတယ်။ အခုချိန်မှာတော့သူ့နေရပ်ဖြစ်တဲ့ရှားတောကိုပြန်ရောက်တာ၂နှစ်ရှိသွားပါပြီ။ ဒေါ်ပိုးမယ်ကတော့အစိုးရအစီအစဉ်နဲ့နေရပ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။ သူပြန်ရောက်တော့အစိုးရဆီက ၃လစာစားစရိတ်ထောက်ပံ့မှုရရှိခဲ့ပါတယ်။ အစိုးရကနေရပ်ပြန်သူတွေအတွက် တစ်မိသားစုကို၃လစာ...

မီမြာ၊ ဦးမြာ

ကယားပြည်နယ်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် ဝက်သေဆုံးမှုတွေက ဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါသေးတယ်။

ဒီရောဂါဟာဆိုရင် ပြီးခဲ့တဲ့ ၄ လကတည်းက ဖြစ်ပွားလျက်ရှိပြီး တချို့ရွာတွေမှာဆိုရင် မွေးထားတဲ့ဝက်တွေ ရွာလုံးကျွတ်သေဆုံးမှုတွေလည်းရှိနေပါတယ်။

ဒီးမောဆိုမြို့မှာနေပြီး အရက်ချက်လုပ်ငန်းလုပ်ကိုင်ရင်း ဝက်၅ကောင်မွေးထားတဲ့ ဒေါ်ဂျိုဝါးနာက ယခုလအတွင်းဝက်တွေ အကုန်သေသွားတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ပြောပါတယ်။တန်ဖိုးအရ ၁၅သိန်းလောက်ဆုံးရှုံးသွားတယ်လို့ပြောပါတယ်။

“ဆုံးရှံးမှုအများကြီးရှိတာပေါ့ အကြွေးဆပ်ဖို့မွေးထားတာ အခုကအကုန်သေသွားပြီဆိုတော့ ဘယ်လိုဆပ်ရမလဲစဉ်းစားရတာပေါ့။” လို့ ပြောပါတယ်။

ကယားပြည်နယ်တွင် တောင်ယာလုပ်ငန်းအဓိကလုပ်ကိုင်ပြီး တနိုင်တပိုင် ဝက်တွေကို မွေးထားလေ့ရှိကြပါတယ်။ ယခုလို ဝက်တွေသေဆုံးမှုရှိနေသည့်အတွက် ဝက်တွေဝယ်ယူမည့်သူမရှိဘဲဖြစ်နေပါတယ်။

“အစိုးရကဆီက ချေးယူထားတဲ့ သမဝါယမငွေကြေးတွေကို ဝက်တွေရောင်းပြီး ပြန်ဆပ်မယ်လို့တွေးထားတာ အခုလိုဝက်တွေသေဆုံးမှုတွေဖြစ်နေတော့ အခက်အခဲတွေဖြစ်တာပေါ့။ မသေသေးဘူးဆိုပေမယ့် ရောင်းမယ်ဆိုရင်လည်းဝယ်မယ့်သူက မရှိတော့ အခက်တွေ့ရတယ်” လို့ ဒီးမောဆိုမြို့မှာနေပြီး တပိုင်တနိုင်ဝက်မွေးထားတဲ့ ဒေါ်ဇူလျားနာကပြောပါတယ်။

ဒေါ်ဇူလျားနာက ဝက်၁၂ကောင်မွေးထားပြီး ယခုအချိန်ထိ ဝက်သေဆုံးမှုမဖြစ်သေးသလို ဝက်ဖျားနာတဲ့လက္ခဏာလည်းမတွေ့သေးဘူးလို့ပြောပါတယ်။

ဝက်တွေရောဂါဖြစ်ပြီဆိုရင် ၂ရက်၃ရက်အစာမစားဘဲရှိနေတတ်ပြီး သေဆုံးသွားပါတယ်။ တချို့က အစာမစားတော့ရင် ဆေးတွေထိုးကြတာကြောင့် မြန်မြန်မသေဘဲ တစ်ပတ်အထိအသက်ရှင်ကာ သေဆုံးသွားတယ်လို့သိရပါတယ်။

ယခုလိုဝက်တွေ သေဆုံးမှုဖြစ်နေသောကြောင့် ဝက်မျိုးများမကျန်အောင် သေဆုံးသွားမည်ကိုလည်း စိုးရိမ်နေကြပါတယ်။ ဝက်သေဆုံးမှု ရပ်တန့်သွားရင် ပြန်မွေးမယ်လို့ ဒီးမောဆိုမြို့မှာနေတဲ့ ဦးငါးရယ်ကပြောပါတယ်။

“အခြေအနေကြည့်ရမှာပေါ့ ပြန်အဆင်ပြေမယ် အခြေအနေပြန်ကောင်းမယ် ပြန်ရောင်းလို့ရမယ်ဆိုရင် ပြန်မွေးရင်လည်းမွေးရမှာပေါ့။ ဝက်အမျိုးတွေကောရှိဦးမလားမသိ သေကုန်ပြီလေ။” လို့ သူကဆက်ပြောပါတယ်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် လွန်ခဲ့တဲ့နှစ်၅၀က အာဖရိကနေဖြစ်ပွားခဲ့ပြီး ကာကွယ်ဆေးနဲ့ ကုသဆေးလည်းမရှိသေးသည့်အတွက် ဖြစ်လာပြီဆိုရင် ထပ်ပြီးတော့ မပြန့်ပွားအောင် သာထိန်းချုပ်နိုင်တယ်လို့ ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေး ညွှန်ကြားရေးမှူး ဒေါက်တာသန်းအေးကပြောပါတယ်။

“မိုးလုံရမယ်လေဝင်လေထွက်ကောင်းရမယ်။ ဝက်ကိုကျွေးတဲ့အစာတွေက အစာကြွင်း အစာကျန်မကျွေးဖို့ပေါ့။ အစာကျန်တွေမှာ ဝက်သားတွေပါလာရင် ရောဂါဖြစ်နိုင်တဲ့အခါကျတော့ ကျွေးမယ်ဆိုရင် ချက်ပြုတ်ပြီးကျွေးရမှာပေါ့။ အာဖရိကဝက်ပြင်းဖျားရောဂါနဲ့ပတ်သက်ပြီး ညွန်ကြားချက်အတိုင်းလိုက်နာမယ်ဆိုလို့ရှိရင် ဒီရောဂါကာကွယ်လို့ရသလို အလားတူပဲ ပုံမှန်ဖြစ်နေတဲ့ ဝက်ဝမ်းကျရောဂါလို့ခေါ်တဲ့ ဝမ်သွားပြီးသေတဲ့ရောဂါ ကျနောတို့ဌာနနဲ့ချိတ်ဆက်ပြီး ကာကွယ်ဆေးထိုးရင် ကာကွယ်လို့ရတဲ့အနေအထားမှာရှိတာပေါ့။ ”လို့ သူကဆက်ပြောပါတယ်။

အာဖရိက ဝက်အပြင်းဖျားရောဂါသည် ကယားပြည်နယ်တွင် ယခုနှစ်မှ ကူးစက်တာဖြစ်ပြီး ယခုချိန်မှာတော့ သေဆုံးမှုနည်းပါးလာတယ်လို့သိရပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

နွေသုံးရေ မလောက်မှာစိုး

https://youtu.be/0ZngsF4J2CQ နွေရာသီတောင် မရောက်သေးဘဲ သောက်သုံးရေတောင် လုံလုံလောက်လောက် မရရှိတော့တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ တဖိုကျေးရွာအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။

အစိုးရဌာနဆိုင်ရာတွေကနေ (၂.၂) ဘီလီယံကျော်အသုံးပြုဖို့ ထပ်မံတောင်းဆို

ကန္တာရဝတီတိုင်း(မ်) အစိုးရဌာနဆိုင်ရာတွေကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ်တွေကို (၂.၂)ဘီလီယံကျော် တင်ပြတောင်းဆိုလိုက်ပါတယ်။ ကယားပြည်နယ်ရဲ့ ၂၀၂၀-၂၁ခု ဘဏ္ဍာနှစ်အတွက် ဌာနဆိုင်ရာအားလုံးအတွက် ခန့်မှန်းခြေအသုံးစရိတ်က (၈၈) ဘီလီယံဖြစ်ပြီး ယခုဖြည့်စွက်ခွင့်ပြုငွေ...

လယ်ယာမြေကို အကွက်ရိုက်ရောင်းချနေမှုတွေနဲ့ ပုံစံ ၇ ကို ဥပဒေနဲ့အညီမဟုတ်ပဲ ထုတ်ပေးသူ ဝန်ထမ်းများကို အရေးယူမည်

မီမြာ လွိုင်ကော်မြို့အတွင်းမှာ ပုံစံ(၇) ရရှိပြီးဖြစ်တဲ့ တချို့သော လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချနေတာတွေနဲ့ ဥပဒေနဲ့ မညီပဲ ပုံစံ ၇ ထုတ်ပေးတဲ့ ဝန်ထမ်းတွေစိစစ်ပြီး အရေးယူသွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ပြောပါတယ်။

ကယားပြည်နယ် ရှားတောနေရပ်ပြန်တွေ မူလအခြေအနေကိုပြန်ရောက်နိုင်မလား…

လှရိပ် စစ်ဘေးကြောင့်ဒေါ်ပိုးမယ်ဟာ ထိုင်းနယ်စပ်ကဒုက္ခသည်စခန်းကို သွားရောက်ခိုလုံခဲ့ပါတယ်။ အခုချိန်မှာတော့သူ့နေရပ်ဖြစ်တဲ့ရှားတောကိုပြန်ရောက်တာ၂နှစ်ရှိသွားပါပြီ။ ဒေါ်ပိုးမယ်ကတော့အစိုးရအစီအစဉ်နဲ့နေရပ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။ သူပြန်ရောက်တော့အစိုးရဆီက ၃လစာစားစရိတ်ထောက်ပံ့မှုရရှိခဲ့ပါတယ်။ အစိုးရကနေရပ်ပြန်သူတွေအတွက် တစ်မိသားစုကို၃လစာ...

“ အနာဂါတ်ခေါင်းဆောင် လူငယ်တွေကို နေရာပေးဖို့ အချိန်တန်ပြီ ”

https://youtu.be/M8vsxyrd_7c အရပ် ၆ ပေခန့် အသားဖြူဖြူ လူငယ်ပီပီ သွက်လက်ချက်ခြာပြီး ကား၊ ဆိုင်ကယ်လမ်းမပေါက်ရောက်တဲ့ သူ့ရဲ့ ဒေသတွေမှာ စည်းရုံးဆင်းပြီး လူထုအတွက် အားသက်သရော လွှတ်တော်မှာ မေးခွန်း၊ အဆိုတွေကို...

Comments

comments