spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ကယားပြည်နယ်သပိတ်ကော်မတီသည် ပြည်နယ်ထဲရှိ အစုအဖွဲ့ပေါင်း သုံးဆယ်ကျော်နှင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ကြောင်း ယနေ့အတိအလင်း ကြေညာ

Author

Date

Category

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကယားပြည်နယ်မှာဆိုရင် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုသပိတ်ကော်မတီ ကို ဖေဖော်ဝါရီ(၉)ရက်နေ့က ဖွဲ့စည်းထားခဲ့ပါတယ်။ သပိတ်ကော်မတီကိုဖွဲ့စည်းရာမှာ တစ်ဦးတစ်ယောက်ကနေပြီး ဦးဆောင်ဖွဲ့စည်းထားတာမဟုတ်ဘဲ ပြည်နယ်အတွင်းက အစုအဖွဲ့ပေါင်း သုံးဆယ်ကျော်(၃၃)ဖွဲ့နဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုပြီး ဒီကနေ့(မတ်လ ၆) မှာ ပြုလုပ်တဲ့ လွိုင်ကော်သပိတ်စစ်ကြောင်းမှာ ပြည်သူတွေကို သပိတ်ကော်မတီကနေပြီး အတိအလင်း ကြေညာသွားခဲ့ပါတယ်။

ကယားပြည်နယ်က ပြည်သူတွေ စစ်အာဏာဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ရာမှာလည်း သပိတ်ကော်မတီကနေပြီးတော့ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်ပေးနေတာဖြစ်ပါတယ်။ ကယားပြည်နယ်တွင်း CDM ဝင်ကြတဲ့ ဝန်ထမ်းတွေ ရဲ့ လုံခြုံရေးကိုလည်း သပိတ်ကော်မတီကနေပြီးတော့ စောင့်ရှောက် ပေးထားတာလည်း ရှိပါတယ်။

သပိတ်ကော်မတီဟာဆိုရင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ ရပ်တည်ချက်လေးခုနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ (၁) စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ (၂) ၂၀၀၈ဖွဲ့စည်းပုံ ဖျက်သ်ိမ်းရေး၊ (၃) ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး နဲ့ (၄) မတရားဖမ်းဆီးခံရသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေး တို့ ဖြစ်ပါတယ်။

သပိတ်ကော်မတီရဲ့ ရပ်တည်ချက်ဟာဆိုရင် မတ်လ(၅)ရက်နေ့က ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ CRPH ထုတ်ပြန်တဲ့ နိုင်ငံရေးရည်မှန်းချက် (၄)ချက်နဲ့ လည်း ထပ်တူညီတာ ဖြစ်ပါတယ်။

spot_img

Recent posts