spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်မှာ စစ်ကောင်စီအုပ်ချုပ်မှု ၉၀ ရာခိုင်နှုန်းရပ်တန့်သွားပြီလို့ KNDF ဆို

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ ပြည်သူ့အုပ်ချုပ်ရေးကို စစ်ကောင်စီ အုပ်ချုပ်ထားနိုင်မှု ၉၀ရာခိုင်နှုန်း ရပ်တန့်သွားပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးထားနိုင်မှု ၉၀ရာခိုင်နှုန်းအထိရှိလာပြီလို့ ကရင်နီအမျိုးသားအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ဒါဟာ မြေပြင်အခြေအနေနဲ့ စပ်လျဉ်းပြီးတော့ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့အရာပေါ့နော။ ဒါက စစ်ကောင်စီကလည်း အုပ်ချုပ်ရေး ယန္တာရားကို လုံးဝမလည်ပတ်နိုင်တော့တဲ့ အနေအထားမျိုးပေါ့။ ကျနော်တို့ မြို့နယ် ၇မြို့နယ်မှာ ဘောလခဲကလွဲရင်တော့ ကျန်တဲ့ မြို့နယ်အားလုံးက ဒီဆေးရုံဆေးခန်း အဓိကကျတဲ့ ပညာရေး ကိစ္စတွေတောင် ဘာမှမလုပ်နိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် ဒါဟာမှန်ကန်တယ်ဆိုတာကို ကျနော် ထပ်လောင်းပြီး ပြောပြချင်တယ်ပေါ့။”

ကရင်နီပြည်နယ်မှာ ကျေးရွာပေါင်း ( ၇၀၀) ကျော် စစ်ဘေးရှောင်နေရပြီး စစ်မရှောင်တဲ့ ကျေးရွာအထဲက ရွာပေါင်း၄၀၀ရွာမှာလည်း ကိုယ်ထူကိုယ်ထ ဆေးပေးခန်းတွေ၊ စာသင်ကျောင်းတွေကို ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍကနေပြီး ကိုယ်ထူကိုယ်ထ ဖွင့်လှစ်သင်ကြားနေတယ်လို့ဆိုပါတယ်။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ဖရိုဖရဲဖြစ်မှုအပေါ် လူထုတွေ ဒေသအတွင်းမှာ တစ်နိုင်တစ်ပိုင် အုပ်ချုပ်ရေး ကိစ္စတွေ နောက် ဆေးပေးခန်းကိစ္စတွေ ပညာရေး ကိစ္စတွေ တစ်နိုင်တစ်ပိုင် လုပ်တဲ့အပေါ်မှာ ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားဖို့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ကျနော်တို့အနေနဲ့ ဒီကနေ တိုက်တွန်းချင်တယ်ဗျ။”

ကရင်နီပြည်နယ်မှာ KNDF တပ်ရင်းပေါင်း (၁၈)ရင်းရှိနေပြီး တပ်ဖွဲ့ဝင် ( ၆၂၇၇) ယောက်ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ ၂၀၂၁ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့မှာ ရဲCDM တွေပူပေါင်းပြီး ကရင်နီပြည်ရဲဌာနကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး ၂၀၂၂ခုနစ် ဖေဖော်ဝါရီလ ၁ရက်နေ့အထိ စစ်ကောင်စီဘက်က သေဆုံးသူ ၄၄၀ဦး သေဆုံးသွားပြီလို့ KNDF ကထုတ်ပြန်ထားပါတယ်။

spot_img
spot_img