spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ဆေးရုံ ၆ ခုထိ ပစ်ခတ်တိုက်ခိုက်ခံရ၊ အရေးယူနိုင်ရေး ကရင်နီဆရာဝန်များအစည်းအရုံး တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အရပ်သားလူထုတွေ အားကိုးအားထားနေရတဲ့ ဆေးရုံ ၆ ခုအပါအဝင် ဆေးခန်းတွေဟာလည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတယ်လို့ ကရင်နီ ဆရာဝန်များ အစည်းအရုံးက ပြောပါတယ်။

“လက်ရှိ ပြောလို့ရသလောက်ကတော့ ဆေးရုံက အနည်းဆုံး ၆ရုံရှိမယ်။ ပစ်မှတ်ထားပြီး တိုက်ခိုက်ခံရတဲ့ ဆေးခန်းတွေလည်း ရှိပါသေးတာပေါ့နော်။ အဲ့‌တော့ လောလောဆယ်အနေအထားမှာ စစ်ကောင်စီက ဆေးရုံဆေးခန်းတွေ ဆိုတာက အရပ်ဖက် ပစ်မှတ်တွေဖြစ်တာပေါ့နော်။” လို့ ကရင်နီ ဆရာဝန်များ အစည်းအရုံးရဲ့ ပြန်ကြားရေးနဲ့ ပြည်ပ ဆက်ဆံရေး တာဝန်ခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒီလို အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကိုကျူးလွန်တာဖြစ်ပြီး ဆေးရုံ၊ ဆေးခန်း တိုက်ခိုက်မှုကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာကြောင့် စစ်ရာဇဝတ်မှုမြောက်ပြီး အရေးယူနိုင်ဖို့ ကရင်နီ ဆရာဝန်များ အစည်းအရုံးက ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။

“ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့အတွက် သူတို့ ထိုက်တဲ့ ပစ်ဒဏ်တွေ ထိုက်သင့်တဲ့ အရေးယူမှုတွေ ကတော့ ဒါ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေကို ဖြစ်လာအောင်လို့ ဒီအရေးယူမှု တွေ ဆက်ပြီး ဖြစ်လာအောင်လို့ စစ်ကောင်စီကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ပေးနိုင်အောင်လို့ ဝိုင်းဝန်းကြိုးစားပေးဖို့ပဲ ကျနော်တို့က တိုက်တွန်းချင်ပါတယ်ဗျ” လို့ အဆိုပါ တာဝန်ခံ တစ်ဦးက ဆက်ပြောပါတယ်။

ဆေးရုံ၊ ဆေးခန်း တိုက်ခိုက်ခံရမှုအတွက် စစ်ကောင်စီကို ပြင်းထန်စွာရှုံချထားပြီး စစ်ရာဇဝတ်မှုနဲ့ တိုက်တန်တဲ့ အရေးယူမှု ပြုလုပ်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အထူးတိုက်တွန်းထားတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာစသိမ်းပြီးတဲ့နောက် ကရင်နီပြည်မှာရှိတဲ့ ပြည်သူလူထုတွေရဲ့ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်း အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်တွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ် တွေ၊ ဆေးရုံဆေးခန်းတွေ စာသင်ကျောင်းနဲ့ ဘာသာ‌ရေးဆိုင်ရာအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ကရင်နီပြည်မှာ လူထုတွေကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးရုံဆေးခန်းတွေကို အကြိမ်ရေပေါင်း (၁၀) ကြိမ်ထက်မနည်း လေကြောင်း အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ဖြစ်စဥ်ကို သက်သေမှတ်တမ်းနဲ့ တကွ သိမ်းဆည်းထားတယ်လို့ ကရင်နီ ဆရာဝန်များ အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts