spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီလူမှုသိပ္ပံကောလိပ်မှ အသက်မွေးဝမ်းကျောင်း အပတ်စဥ် (၄)ရဲ့ ၃လတာ သင်တန်းဆင်းပွဲပြုလုပ်

Author

Date

Category

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ ကရင်နီလူမှုသိပ္ပံကျောင်းရဲ့ ၃လတာအသက်မွေးဝမ်းကျောင်း သင်ကြားရေးအစီအစဉ်၊ အပတ်စဉ်(၄) ၊ သင်တန်းဆင်းပွဲကို ဒီကနေ့ နိုဝင်ဘာလ ၆ ရက်နေ့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

“ကျောင်းထွက်နေတဲ့သူတွေ၊ ကျောင်းဆက်မတက်ဖြစ်တော့တဲ့ သူတွေပေါ့နော်။ ပြီးတော့အသက်မွေးပညာရပ်ကို ပြန်အသုံးချချင်တယ်၊ အသုံးချဖို့လိုအပ်နေတယ်ဆိုတဲ့ သူအမျိုးအစားကို ကျမတို့က အထူးရွေးချယ်ပြီးခေါ်ယူပြီးတော့ သင်ကြားပေးတာဖြစ်တယ်ပေါ့နော်။ ဆိုတော့သင်တန်းပြီးသွားရင် တချို့ကျတော့ အိမ်မှာ ဆိုင်ကယ်ဝပ်ရှော့ရှိတယ်၊ စက်ချုပ်ရှိတယ် အဲ့လိုကိုယ့်အိမ်မှာပဲ အိမ်အလုပ်ကိုကူရင်းနဲ့ ဒီဟာပိုပြန်အသုံးချမယ့်လူမျိုးရှိတယ် ရက်ကန်းလည်းအဲ့လိုမျိုးပေါ့နော်။ တချို့ကျတော့လည်း ကိုယ့်ရပ်ကွက်၊ ရပ်ရွာမှာ ဒီလိုမျိုးလုပ်ငန်းတွေရှိတယ်ဆိုရင်လည်း အဲ့မှာသွားရောက်ပြီးလုပ်ကိုင်ဖို့စီစဥ်တာတွေရှိတယ်” လို့ လူမှုသိပ္ပံဒီပလိုမာကောလိပ်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ ဆရာမခင်စန္ဒာညွှန့်က ပြောပြပါတယ်။

နွေဦးဂုရုလေးများ ပညာရေးစင်တာကို လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ မတ်လမှာ ကရင်နီလူမှုသိပ္ပံဒီပလိုမာကောလိပ်အနေနဲ့ ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။

၃လတာအသက်မွေးဝမ်းကျောင်း သင်တန်းမှာ စက်ချုပ်သင်တန်း၊ ရက်ကန်းသင်တန်း၊ ဆိုင်ကယ်စက်ပြင်အတတ်ပညာ စတာတွေ သင်ကြားပေးတဲ့အပြင် မိခင်ဘာသာစကားဖြစ်တဲ့ ကယား၊ ကယန်း၊ ကယော နဲ့ မနုမနော(ကော်ယော်) စတဲ့ဘာသာစကားတွေကိုလည်း ရွေးချယ်ပြီးသင်ယူလို့ရတယ်လို့ ကျောင်းအုပ်ဆရာမက ပြောပြပါတယ်။

အသက်မွေးဝမ်းကျောင်းသင်တန်းမှာ စာသင်ကြားရေးပိုင်းသာမကပဲ အနုပညာနဲ့ လက်တွေ့ပိုင်းတွေ ပါဝင်တဲ့အတွက် သင်ယူရတာ ထိရောက်မှုရှိတဲ့အကြောင်းကို သင်တန်းကျောင်းသူ မစိုးမြာက အခုလိုပြောပြပါတယ်။

“ခုက အသက်မွေးဝမ်းကျောင်းလည်းပါတဲ့အတွက်ကြောင့် စာပိုင်းပဲမလာဘူးပေါ့နော်၊ အနုပညာပိုင်းလည်းရှိတယ်။ ပြီးတော့စာပိုင်းမှာ အားနည်းတဲ့သူတွေကျတော့ ဒီအသက်မွေးဝမ်းကျောင်းပိုင်းမှာ ပိုပြီးအားသာတဲ့သူတွေရှိတယ်။ အဲ့ကြောင့်မို့ သူတို့စာပိုင်းမှာ မရရင်တောင်မှ သက်မွေးပိုင်းနဲ့ သူတို့ဘဝကိုဖြတ်သန်းနိုင်တယ်ပေါ့နော်။” လို့ မစိုးမြာက ပြောပါတယ်။

၃လတာ အသက်မွေးဝမ်းကျောင်း အပတ်စဥ် ၄ သင်တန်းကို သင်တန်းသား ၂၈ဦး တက်ရောက်ပြီးစီးခဲ့ပါတယ်။ သင်တန်းဆင်းပွဲမှာတော့ အပိုင်းနှစ်ပိုင်းနဲ့ ကျင်းပကြပြီး ပထမပိုင်းမှာ သီချင်းသီဆိုခြင်း ၊ သက်ဆိုင်ရာအဖွဲ့အစည်းကိုယ်စားလှယ်အသီးသီးမှ အမှာစကားပြောကြားခြင်း၊ အကနဲ့ ဖျော်ဖြေတင်ဆက်ခြင်း နဲ့ ဆုချီးမြှင့်တဲ့ အစီအစဥ်တွေပါဝင်ပြီး ဒုတိယပိုင်းအနေနဲ့ ဖျော်ဖြေရေးအစီအစဥ်တွေ ဆောင်ရွက်ခဲ့ပါတယ်။

spot_img
spot_img

Recent posts