spot_img
Monday, March 27, 2023
spot_img

ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ အမျိုးသမီးစွမ်းဆောင်ရည်မြှင့် သင်တန်းဆင်းပွဲပြုလုပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီ အမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ အမျိုးသမီးတွေအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်း တက်ရောက်ပြီးစီးခဲ့တဲ့သူတွေကို သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ကရင်နီ အမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ ရှိတဲ့ IRC ( International Rescue Committee ) နဲ့ WPE အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ WGSS ( Women & Girl’s Safe space ) အဖွဲ့ကနေ Young Women Leadership Course နဲ့ Girl shine Life skills training course ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသင်တန်းတွေကို သင်ကြားပေးရတဲ့ ရည်ရွယ်ချက်ကို WEP အမျိုးသမီးစွမ်းရည် မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး တာဝန်ခံ မူဘီက အခုလို ပြောပါတယ်။

“အမျိုးသမီးတွေက လာမယ့် နှောင်းနောင်ဆိုလို့ရှိရင် နယ်စပ်တစ်လျှောက်မှာပဲ နေထိုင်သည်ဖြစ်စေ ပြည်တွင်းမှာပဲ ပြန်နေထိုင်သည်ဖြစ်စေ မိမိနေရပ် အသိုင်းအဝိုင်းထဲမှာပေါ့နော။ အမျိုးသမီးရဲ့ ခေါင်းဆောင်ရည် မြင်တွေ့နိုင်ဖို့အတွက် ကျမတို့ အဲဒီအရာက မူတည်ပြီးတော့မှ ဖြစ်ချင်တဲ့ vision တစ်ခုဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ၉ လတာဖွင့်လှစ်ခဲ့တဲ့ Young Women Leadership Course ကို သင်တန်းသူ ၁၈ဦး တက်ရောက်ပြီးစီးခဲ့ပါတယ်။

အဲဒီသင်တန်းတွေကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေက ဘာတွေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ကို ကာကွယ်လို့ရနိုင်လဲ၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှု စတဲ့ အကြောင်းအရာတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ အမျိုးသမီးစွမ်းဆောင်ရည်မြှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ။

Young Women Leadership Course ကို တက်ရောက်ခဲ့တဲ့ ဖရေးမာ ကတော့ သင်တန်းပြီးသွားရင် အမျိုးသမီးတွေကို ပြန်ပြီး ကူညီသွားမယ်လို့ ဆိုပါတယ်။

“ ဒီ leadership ပိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့နော။ ဒီအတိုင်းတက်ပြီးတော့ သင်ခန်းစာတွေကို တက်ပြီးတော့ နေတာမျိုး မဟုတ်ပဲနဲ့။ ဒီ Community ( ရပ်ရွာအသိုင်းအဝိုင်း) ထဲမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင် တခြားလုပ်ငန်းပိုင်းမှာပဲဖြစ်ဖြစ် ကျမတို့ ပြန်ပြီးတော့ အသုံးပြုသွားမှာပေါ့နော။ အမျိုးသမီးဘက်မှာလည်း ကျမတို့ ပြန်ပြီးတော့ sharing ပြန်လုပ်ပေးမယ်။ အမျိုးသမီးတွေကိုလည်း ပြန်ပြီးတော့ ကူညီသွားမယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

Young Women Leadership Course မှာ ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာရှိနေတဲ့သူတွေ၊ ကရင်နီအမှတ် ( ၂ ) ဒုက္ခသည်စခန်းမှာ ရှိသူတွေနဲ့ တခြား ကရင်နီပြည်တွင်းမှာရှိတဲ့ အမျိုးသမီးတွေလည်း လာရောက်တက်ရောက်ခဲ့ကြပါတယ်။

အဲဒီသင်တန်းမှာ အထက်တန်းအောင်မြင်ပြီးသွားသူတွေနဲ့ အမျိုးသမီးအရေးမှာ တစ်နှစ်လုပ်ဆောင်ဖူးသူတွေ တက်ရောက်ကြပြီး အဆိုပါသင်တန်းမျိုး ထပ်မံဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်အောက် အမျိုးသမီးတွေကို အဓိက သင်ကြားပေးခဲ့တဲ့ Girl shine Life skills training course မှာတော့ ၁၁ လသာ ဖွင့်လှစ်ခဲ့ပြီး တစ်လမှာ နှစ်ရက် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ခုနှစ်မှာ အဲဒီသင်တန်း တက်ရောက် ပြီးစီးသွားတဲ့ သင်တန်းသူ ၂၂ ယောက်နဲ့ ၂၀၂၀ ခုနှစ်က သင်တန်းတက်ရောက်ခဲ့ပြီးသူ ၄၇ ယောက်ကိုလည်း သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...