spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ ဒုက္ခသည်စခန်းအမှတ် (၁) မှာ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဖြစ်များနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) မှာ ယခုနှစ်အတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ အဖြစ်များတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) ရဲ့ အမျိုးသမီး နဲ့ ကလေးကာကွယ်စောင့်ရှောက်ရေး စီမံကိန်း တာဝန်ခံ တာမလာဖော ကပြောပါတယ်။

“လောလောဆယ် ဒီ တနှစ်အတွင်းမှာက အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ အဖြစ်များတယ်။ အများအားဖြင့် ဖြစ်ပွားများတာက ရုပ်ပိုင်းမှာ ထိုးကြိတ်တာတို့ ရိုက်တာတို့ ပေါ့နော်။” လို့ တာမလာဖော ကပြောပါတယ်။

လူဦးရေ တသောင်းဝန်းကျင်ရှိနေတဲ့ ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ အမျိုးသမီးတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆ မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၆ မှု နဲ့ မုဒိန်းကျင့်ရန်ကြံစည်မှု ၄ မှု အထိရှိနေတယ်လို့ သိရပါတယ်။
အရင်နှစ်တွေမှာလည်း အလားတူ အမှုမျိုး ၂၀ မှု ဝန်းကျင်ရှိနေတယ်လို့ KNWO ရဲ့ ပြောကြားချက်အရ သိရပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေတိုးလာရခြင်း အကြောင်းရင်းကတော့ မိသားစုအတွင်း ဝင်ငွေ မရှိခြင်းနဲ့ ကျား၊မ တန်းတူညီမျှမှုအသိ မရှိနေခြင်းကြောင့်ဖြစ်တယ်လို့ တာမလာဖော ကသုံးသပ်ပြောဆို ထားပါတယ်။

“ ကျမတို့ GBV ဖက်က ကြည့်မယ်ဆိုရင် ကျား/မတန်းတူညီမျှမှု မရှိဘူး။ သူတို့ အိမ်ထောင်ဦးစီးဖြစ်ပြီဆိုရင် အာဏာသုံးချင်တာတွေလည်း ပါတာပေါ့နော်၊ ပြီးတော့ ဒီဟာတွေက အဓိက အကြောင်းအရင်း ပေါ့နော်၊ တွန်းအားပေးတဲ့ အရက်သေစာတွေ သောက်ပြီး တွန်းအားပေးတာတွေလည်းပါတယ်။ အလုပ်လက်မဲ့ဖြစ်ပြီး ဝင်ငွေမရှိဘူး။ အပြင်မှာ အလုပ်သွားရှာလုပ်တာတွေက အလုပ်လည်း ပုံမှန်မရှိဘူး။“ လို့ တာမလာဖောက စခန်းအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုးလာရတဲ့ အကြောင်းရင်းကို သုံးသပ်ပြောဆို ထားပါတယ်။

ကရင်နီအမျိုးသမီး အစည်းအရုံး KNWO ရဲ့ စာရင်းတွေအရ အကြမ်းဖက်ခံရသူတွေဟာ အသက် ၂၅ နှစ်မှ ၄၀ အရွယ်ကြားရှိနေသူ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီဒုက္ခသည်စခန်းအတွင်း ဖြစ်ပွားတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေကို စခန်းအတွင်းက တရားရေး ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်အရေးယူကြတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts