spot_img
Tuesday, May 30, 2023
spot_imgspot_imgspot_imgspot_img

ခရီးသည်ပို့ဆောင်ရေးဝန်ထမ်းများ အခြေခံစားသောက်ကုန်လှူဒါန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးကာလအတွင်း ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများအား စနစ်တကျကြီးကြပ်ရေးကော်မတီ ကြီးကြပ်မှုအောက်ရှိ ခရီးသယ်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဂိတ်ဝန်ထမ်းနှင့်လုပ်သားများအား အခြေခံစားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ပေးခဲ့ပါတယ်။

“ လက်ရှိမှာ ယာဉ်လိုင်းတွေရပ်နေရတယ် ရပ်နေရတဲ့အတွက် အဓိက ယာဉ်ဝန်ထမ်းတွေပေါ့ ယာဉ်မောင်းတို့ ယာဉ်နောက်လိုက်တို့ သူတို့နဲ့ဆက်စပ်ပြီးတော့မှ သူတို့ကို မှီခိုနေရတဲ့မိသားစုလည်းရှိတယ် သူတို့က တစ်လလောက်ကာလမှာ အလုပ်မရှိ ဝင်ငွေမရှိဆိုတော့ အင်မတန်စားဝတ်နေရေးအခက်အခဲရှိတယ် ဒါကြောင့်လည်း ယကကရဲ့အစီအစဉ်နဲ့ အခြေခံစားကုန်တွေ ပထမအကြိမ်အနေနဲ့ အခုလိုလှူဒါန်းပေးတာပေါ့” လို့ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဦးခင်မောင်ဖြုက ပြောပါတယ်။

ဆန် (၂၂၆)အိတ်၊ ဆီ (၆၇၀)ပိဿာ၊ ဆား (၆၇၀)ပိဿာ၊ ကြက်သွန်နီ (၆၇၀) ပိဿာ၊ ပဲ (၆၇၀)ပိဿာ ဖြစ်ပြီး ယာဉ်ဝန်ထမ်းတစ်ဦးလျှင် ဆန် (၈)ပြည်၊ ဆီတစ်ပိဿာ၊ ဆားတစ်ပိဿာ၊ ကြက်သွန်နီတစ်ပိဿာ၊ ပဲ တစ်ပိဿာ ရရှိမှာဖြစ်ပါတယ်။

ပြည်နယ်အတွင်း/အပြင် ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ၇၀ကျော်ရှိပြီး ဝန်ထမ်းပေါင်း ၆၀၀ ရှိတယ်လို့သိရပါတယ်။

“အခက်အခဲကတော့ အများကြီးပေါ့ ကားမထွက်ရတဲ့ ယာဉ်မောင်း ယာဉ်နောက်လိုက် ဂိတ်မှူးတွေ သူတို့နဲ့ မှီခိုစားသောက်နေတဲ့မိသားစုတွေအားလုံးက အကြပ်အတည်းဖြစ်တာပေါ့။ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းလုံးမှာဖြစ်တဲ့ ရောဂါနဲ့ပတ်သက်ပြီးတော့ ကျတော်တို့လည်း ဒီလိုပဲ ကာလဘယ်လောက်ကြာမလဲမသိဘူး ဒါက ပထမအကြိမ်အနေနဲ့ပေးတာပေါ့လေ။”လို့ လွိုင်ကော်မြို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဌ ဦးစံအေးက ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ပြည်နယ်အစိုးရက မတ်လ ၁၅ ရက်နေ့အထိ ဒေသန္တရအမိန့်ကြော်ငြာစာတွေထုတ်ထားတာကြောင့် လက်ရှိမှာလည်း ခရီးစဉ်ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအနေနဲ့ ပြေးဆွဲမှုကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။

Recent posts