spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

ခိုးလီဆို စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်၊ အကူအညီလိုအပ်နေ

CJ / ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြိုနယ် အရှေ့တောင်ဘက်ခြမ်းမှာရှိတဲ့ ခိုးလီဆို စစ်ဘေးရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုရှိနေပြီး အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ပြောပါတယ်။

“အလှူရှင် မရတော့ဘူးလား၊ အဲ့လိုတွေတော့ လာမေးကြတယ်။ ဒီတစ်နှစ် မဟုတ်ပဲ နှစ်ဟောင်းကတည်းက အလှူမရတော့ဘူးဆိုတော့ ဘယ်လိုအခြေအနေရှိလဲဆိုပြီး အခက်အခဲရှိနေတဲ့သူတွေက လာမေးကြတယ်”လို့ စစ်ဘေးရှောင် ကူညီပေးနေတဲ့သူ တစ်ဦးက ပြောပါတယ်။

စစ်ရှောင်ကာလ ကြာမြှင့်လာသလို အလှူရှင်တွေကိုသာ မှီခိုအားထားရတဲ့ စစ်ဘေးရှောင်တွေဟာ အလှူရှင်ကနေ ထောက်ပံ့မှုမရရှိတာ လနဲ့ချီ ရှိနေပြီလို့ ဆိုပါတယ်။ ဒါ့ကြောင့် စားနပ်ရိက္ခာအတွက် အခက်အခဲရှိနေကြတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

“အရင်က သူများဆန်တွေ လာလှူသေးတယ်၊ အခုတော့ တစ်ခါမှ မလာတော့ဘူး ပြောရမှာပေါ့၊ စစချင်း ပြေးတုန်းက စောင်တွေပါ လာလှူကြသေးတယ်”လို့ သူက ဆိုပါတယ်။

စစ်ဘေးရှောင်နေစဉ်ကာလအတွင်း စားနပ်ရိက္ခာမရရှိသူတွေဟာ ဒေသခံတွေရဲ့တောင်ယာတွေမှာ နေ့စားလိုက်ရင်း ဝမ်းရေးဖြေရှင်းနေရတယ်လို့ သိရပါတယ်။

“တောင်ယာ အငှားလိုက်ရတာပေါ့နော။ တစ်ရက်မှ ၆ ထောင်၊ ၇ ထောင်ဆိုတော့ မလွယ်ဘူးလေး၊ ဒီမှာတော့ အိမ်တိုင်းလိုလို စားနပ်ရိက္ခာ အဆင်မပြေကြဘူး” လို့ စစ်ဘေးရှောင်တစ်ဦးက ဆက်ပြောပါတယ်။

ခိုးလီဆို စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မီးမတော်တဆလောင်ကျွမ်းမှုကြောင့် စစ်ရှောင်နေအိမ်တဲ တစ်လုံး မီးလောင်ပျက်စီးသွားသလို စပါး၊ မြေပဲ စတဲ့ ရာသီပေါ်သီးနှံတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

ခိုးလီဆိုစစ်ဘေးရှောင်စခန်းမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး၊ လူဦးရေ ၇၀၀ ကျော်ရှိနေပါတယ်။

spot_img
spot_img