spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

ချိကွဲ့ကျေးရွာအတွင်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ၂ ဦး သေဆုံး ၁ ဦးဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဘောလခဲမြို့နယ်ထဲက ချိကွဲ့ကျေးရွာအတွင်းကို စစ်ကောင်စီတပ်က မနေ့က
(ဇန်နဝါရီလ ၃၁) ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။

“တိုက်ပွဲလည်း မဖြစ်ဘူး။ ရွာထဲကို ကြဲချတာ။ ၂ ဦး သေဆုံးသွားတယ်။ လူနာတစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ ကင်ဆာဝေဒနာသည်လေ။ သူက မပြေးနိုင်ဘူး။ မိန်းကလေးဘဲ အသက် ၄၀ ကျော်လောက်ဘဲ ရှိသေးတယ်။” လို့ ဘောလခဲမြို့နယ် ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

သေဆုံးသူများမှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာရသူမှာလည်း စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။ ဒါ့အပြင် လူနေအိမ်တွေလည်း ဗုံးကြောင့် မီးလောင်ပျက်စီးတာသလို ထိခိုက်ပျက်စီးသွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ၄ ကြိမ် လာရောက်ကြဲချသွားတာဖြစ်ပြီး နောက်ဆုံးတစ်ကြိမ်မှာ ကျေးရွာအတွင်းကို ကျရောက်ပြီး ထိခိုက်သေဆုံးခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ချိကွဲ့ဒေသခံတွေဟာ တချို့တိမ်းရှောင်ကြပြီး တချို့မှာကျေးရွာအတွင်းမှာဘဲနေထိုင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ကရင်နီမှာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀၆ ဦး သေဆုံးပြီး ၅၀၀နီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ( IEC ) ရဲ့ ဇန်နဝါရီလ ၃၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts