spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငါးများကို ဘတ္တရီရှော့တိုက်သူများအား ဖမ်းဆီးအရေးယူမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၏ အများပြည်သူအပန်းဖြေသည့် ငွေတောင်ဆည်ကန်တွင်းတွင် ငါးများကို ဘတ္တရီရှော့တိုက်(ကျင်စက်) ဖမ်းဆီးသူများအား လိုက်လံဖမ်းဆီးနေပြီဖြစ်သည်ဟု  ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသန္တာဝင့်က ပြောပါသည်။

“ကျမတို့သွားဖမ်းတဲ့အခါမျိုးဆိုရင် တိုက်ရိုက်မတွေ့ဘူး။ ရဲကအော်လိုက်တဲ့အချိန်ဆို သူက ဟိုဘက်ကမ်းက ကိုယ်က ဒီဘက်ကမ်းကဆိုတော့ ထွက်ပြေးသွားတာပေါ့။” ဟု ဒေါ်မေသန္တာဝင့်က ပြောပါသည်။

ငွေတောင်ဆည်ရေကန်အတွင်းတွင် ပြီးခဲ့သည့်ပတ်အတွင်းတွင် ငါးများကို ဘတ္တရီရှော့တိုက်ခြင်းကြောင့် ကန်ဘောင်ဘေးနှင့် ကန်ရေများထဲတွင် ငါးအမြောက်အမြားသေ နေသည့်မြင်ကွင်းများကို လူမှုကွန်ယက်တွင် ပျံ့နှံ့သွားခဲ့သည်။

ထိုမှတဆင့် ငါးလုပ်ငန်းဦးစီးဌာနမှ ငွေတောင်ဆည်ပေါ် ငါးများကို ရှော့တိုက်နေသူများကို ဖမ်းဆီးနိုင်ရန်  ဒီးမော့ဆိုမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များအပါအဝင် ၊ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ငါးဦးကော်မတီဖွဲ့စီးထားပြီး လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟုဆိုပါသည်။

“ကျမတို့လက်ပူးလက်ကျပ်တော့ မမိသေးဘူး။ သွားတယ်သူတို့က ငါးဦးစီလာတယ်ဆို မလုပ်တော့ဘူး အဲလိုလေး။” ဟု ဒေါ်မေသန္တာဝင့်က ဆက်ပြောပါသည်။

 ဘတ္တရီရှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းသူများသည် ညနက်ပိုင်းနှင့်မနက်အစောပိုင်းတွင်းတွင် အများစု လာရောက် ဖမ်းဆီးကြသည်ဟု ငါးမျှားသွားလေ့ရှိသည့် ငွေတောင်ရွာမှ အမျိုးသားတစ်ဦးက ပြောပါသည်။

“ရေပေါ်မှာ ငါးတွေအများကြီးသေနေတာတွေ့ခဲ့ရတယ်။ အဲဒါရှော့လာတိုက်တဲ့သူက အစောကြီးလာလုပ်သွားတာဖြစ်မယ်။” ဟု ၎င်းက ပြောပါသည်။

 ဘတ္တရီရှော့တိုက်(ကျင်စက်)ဖြင့် အန္တရာယ်ဖြစ်စေသော ပစ္စည်းကို အသုံးပြု၍ ငါးဖမ်းဆီးပါက ငါးမျိုးပါ ပြုန်းတီးခြင်းဖြစ်လာနိုင်သည့်အတွက် ငါးဖမ်းဆီးသူများကို ကယားပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ-၃၉ အရ ဒဏ်ငွေ ၃ သိန်းဖြစ်စေ၊ ထောင်ဒဏ် (၂) နှစ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူမည်ဟု သိရပါသည်။

ဘတ္တရီရှော့တိုက်ခြင်း မပြုလုပ်ရန် အသိပေးဆိုင်းဘုတ် စိုက်ထူခြင်းကိုလည်း ငွေတောင်ဆည်ကန်ဘောင်ဘေး  စိုက်ထူထားသည်။

ငွေတောင်ဆည်သည် ဒီးမော့ဆိုမြို့တစ်မြို့လုံးကို သောက်သုံးရေဖြန့်ဝေပေးနေသည့်ကန်လည်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဧည်သည်များ လာရောက်လည်ပတ်အပန်းဖြေသည့် နေရာလည်းဖြစ်သည်။

spot_img
spot_img

Recent posts