spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးလေ့လာသူ လူမှုအသင်းအဖွဲ့ရဲ့ အသံတချို့

Author

Date

Category

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က ကိုယ်စားလှယ်တွေရဲ့ ပါဝင်ပတ်သက်မှု ဘယ်လိုရှိနေလဲ။ အဲ့ဒီအကြောင်းကို ငြိမ်းချမ်းရေး လေ့လာသူ လူမှုအသင်းအဖွဲ့က သူတချို့ရဲ့ အသံကိုဖော်ပြပေးလိုက်ပါတယ်။

ကိုကျော်ထင်အောင် (LAIN နည်းပညာပြုအထောက်အကူအဖွဲ့၊ ဘုတ်ဥက္ကဌ)

ပြည်သူ့လွှတ်တော်မှာကော အမျိုးသားလွှတ်တော်မှာကော တိုင်းရင်းသားရေးရာကော်မတီပိုင်းဆိုင်ရာတွေက ငြိမ်းချမ်းရေးအပိုင်းကို လုပ်ရတာရှိတယ်။ သို့သော် အဲဒီကော်မတီထဲ ပါဝင်ရတဲ့သူတွေဟာ ၂၁ရာစုပင်လုံလို အခမ်းအနားကြီးကျင်းပမှသာလျှင် ပွဲတက်အဆင့်လောက်သာပါနေရတာကိုတွေ့ရတယ်။ ပြီးတော့ပြည်ထောင်စုတစ်ခုလုံးမှာဆိုရင် လက်ရှိ NRPC နဲ့တွဲပြီးတော့ လွှတ်တော်ပိုင်းဆိုင်ရာကနေ ပြည်သူ့လွှတ်တော်တစ်ဦး အမျိုးသားလွှတ်တော်တစ်ဦး ကော်မတီတွေကနေ ပါတယ်ဆိုပေမယ့်လည်း သူတို့တွေရဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်မှုတွေမတွေ့ရဘူး။ နဂိုမူလ ဦးအောင်စိုး လုပ်ဆောင်ရာကနေ ဦးအောင်စိုးကို အနားပေးပြီးတော့ လက်ရှိ ဦးဌေးဝင်အောင်လို့ခေါ်တဲ့ ကိုပြုံးချိုကနေပြီးတော့ လွှတ်တော်ကိုယ်စား ငြိမ်းချမ်း Process မှာ ပါဝင်ဆိုသော်လည်းပဲ သိသာလောက်တဲ့ ဦးဆောင်မှုအခန်းကဏ္ဍကိုကတော့ လွှတ်တော်ပိုင်းကနေ မရဘူးလို့ပဲ ကျတော်တို့က သုံးသပ်ရပါတယ်။ အစိုးရပိုင်းနဲ့ တပ်ပိုင်းကသာလျှင် ပိုပြီးတော့မှ သွားနေတာဖြစ်သလို လက်ရှိတစ်စုံလုံးမှာဆိုလည်း အငြိမ်းစားဗိုလ်ချုပ်ကြီးခင်ဇော်ဦးကနေပဲ ဦးဆောင်ပြီးတော့မှ လွှတ်တော်ပိုင်းဆိုင်ရာတွေက အိမ်အဖြစ်အနေနဲ့ ပါတယ်ဆိုတာမျိုးကို ကျတော်တို့တွေ့ရတယ်။ပြည်နယ်ကိုကြည့်မယ်ဆိုရင်လည်း ပြည်နယ်မှာကို လွှတ်တော်ပိုင်းကို ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သီးသန့်ဆောင်ရွက်ခွင့်ပေးထားတာမျိုးမရှိပါဘူး။လက်ရှိ NCAလက်မှတ်ရေးထိုးရေး ကြိုးပမ်းနေတဲ့ KNPP နဲ့တွေ့ဆုံတဲ့နေရာတွေမှာ 3 + 3 ဆိုတဲ့အထဲမှာလည်း အလုပ်မဖြစ်ဘူး။တွေ့ရမယ့်အထဲမှာလည်း အစိုးရအဖွ့ဲပဲပါပြီးတော့မှ တရားဝင်လွှတ်တော်ထဲကနေမပါတဲ့အတွက်ကြောင့်မို့လို့ ပြည်နယ်အဆင့်မှာကော ပြည်ထောင်စုအဆင့်မှာကော လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုအခန်းကဏ္ဍကတော့ပွဲတက်အဆင့်လောက်ပဲရှိတယ်လို့ သုံးသပ်ပါတယ်။

ဦးဗညား (ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ)

NLD အစိုးရတက်လာပြီးနောက်ပိုင်းမှာ ကျတော်တု့ိက အရမ်းမျှော်လင့်တယ်ပေါ့။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကနေ ပြည်နယ်မှာရှိနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာလူထုတွေရဲ့အသံကို ထင်ဟပ်နိုင်မယ့် ယန္တရားတစ်ခုပေါ့ မဟုတ်ရင်လည်း လွှတ်တော်အမတ်တစ်ဦးချင်းဆီကနေ အများကြီးလုပ်နိုင်မယ်လို့ ကျတော်တို့က အများကြီးမျှော်လင့်ခဲ့တယ်။ တကယ်လက်တွေ့ကတော့ လေးနှစ်အတွင်းမှာ သိသိသာသာလွှတ်တော်ကိုယ်စားလှယ်တွေကနေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးတာ အထူးပြုပြီးတော့ပေါ့နော လုံးဝမရှိဘူးလို့ ကျတော်တို့မြင်လို့ရတယ်။ သို့ပေမယ့်လည်း အရင်နှစ်ထဲမှာပဲလွှတ်တော်ရေးရာအောက်မှာ ငြိမ်းချမ်းရေးဆိုင်ရာကော်မတီတစ်ခုတော့ ဖွဲ့စည်းခဲ့တယ် အောင်မြင်အောင် ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီကော်မတီက မှတ်ချက်အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို ပြန်တင်ခဲ့အချိန်မှာ အဆင်မပြေဘူး လုပ်ပါ ဆက်လုပ်ပါ မဟုတ်ရင် မလုပ်နဲ့ဆိုပြီးတော့ ယတိပြတ်မှတ်ချက်မရလာဘူး။ အဲဒီအတွက်ကြောင့်မို့လို့ လွှတ်တော်တစ်ဦးချင်းဆီနဲ့မလုပ်နိုင်ဘူး လွှတ်တော်တစ်ခုလုံးအနေနဲ့ ဒီကော်မတီကို ကြိုးစားပြီးတော့မှ အေးချမ်းသာယာရေးကို စောင့်ကြည့်ဖို့တော့ ဖွဲ့နိုင်တယ် ဒါပေမယ့် အသက်ဝင်လုပ်ရှားမှုက လုံးဝမရှိဘူး။ အဲဒါကြောင့်မို့လို့ ကျတော်တို့ပြောနိုင်တာ လေးနှစ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းဆီဖြစ်စေ ကယားပြည်နယ်လွှတ်တော်ဖြစ်စေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် လုံးဝမလုပ်ပေးနိုင်ခဲ့ဘူးဆိုတာ မှတ်ချက်ကနဦးပေးချင်ပါတယ်။

စောကျော်နီမင်း (တက်ကြွလုပ်ရှားလူငယ်)

လွှတ်တော်သက်တမ်းကတော့ လွန်ခဲ့သော ၂၀ရက်နေ့မှာ ၄နှစ်ပြည့်သွားတယ်ပေါ့နော။ လေးနှစ်အတောအတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျတော်တို့ကြည့်မယ်ဆိုရင် ရှေးလည်းမတိုးဘူးပုံစံမျိုး ရှေးလည်းမတိုး နောက်လည်းမဆုတ် တစ်လဲလဲဖြစ်ပြီးတော့မှ တချို့သောနေရာတွေမှာလည်း တိုက်ပွဲတွေပြန်ဖြစ်နေတာတွေ့ရတယ် ဘယ်လိုပဲဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ် RCSS ပဲဖြစ်ဖြစ် လက်ရှိအကြီးအကျယ် ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ဒေသမှာဖြစ်နေတယ် တွေ့နေရတယ်ပေါ့။ အဓိကကတော့ အစိုးရမှာတော့ အစိုးရရှိမယ် လွှတ်တော်ရှိမယ်ပေါ့နော ဥပဒေပြုရေးရှိမယ် အုပ်ချုပ်ရေးရှိမယ်ဆိုတဲ့ဟာမျိုး ဥပဒေပြုရေးမှာတော့ လွှတ်တော်ရှိမယ်ပေါ့နော။ အဓိကကတော့ လွှတ်တော်အခန်းကဏ္ဍမှာ ကျတော်မြင်တာကတော့ လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တော်တော်များများက တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ဟာဖြစ်တယ်ပေါ့နော ဆိုတော့ လွှတ်တော်ထဲရောက်သွားတဲ့ လွှတ်တော်အမတ်တွေကော ငြိမ်းချမ်းရေးအပေါ်မှာဘယ်လောက်များ စိတ်ဝင်စားမှုရှိနေလဲ ဘယ်လောက်နားလည်လဲဆိုတာမျိုုး မေးခွန်းထုတ်ဖို့တော့လိုတယ်။ဆိုတော့ လေးနှစ်အတွင်းမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်လို့ သုံးသပ်ရရင်တော့ သေချာတယ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်အမတ်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တာအားနည်းတယ်လို့ပြောရမလား နားမလည်ဘူးလို့ပဲပြောရမလား ဒီအပေါ်မှာ စိတ်မဝင်စားဘူးလို့ပဲပြောရမလားပေါ့။

ခူးထဲဘူး (ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခူထဲဘူး)

NLD က အနိုင်ရပါတီလည်းဖြစ်တယ် အစိုးရဖွဲ့နိုင်တဲ့အဖွဲ့အစည်းဖြစ်တော့ လူထုကလည်း သူ့ကို ရွေးကောက်တင်မြှောက်လို့ပဲဖြစ်လာတယ်ပေါ့။ ဆိုတော့ အဓိက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သူတု့ိက အဓိကလူတွေပဲဖြစ်တယ် ဆိုတော့ သူတို့ကပြောရမယ်ပေါ့ ဦးဆောင်ရမှာ။ သို့သော် ဦးဆောင်နေတာက တကယ်တမ်း အခြေံခံအချက်အလက်သမိုင်းကြောင်း သေချာလေ့လာပြီးမှ သူတို့ဦးဆောင်ဖို့တော့လိုမယ် သူတို့ဖြစ်ချင်တဲ့အတိုင်းဖြစ်လို့တော့မရဘူးလို့ ကျတော်ထင်တယ်လေ။ ဆိုလိုတာ ဘယ်လိုဖြစ်သင့်သလဲ တကယ်ဖြစ်စဉ်က ကရင်နီပြည်နယ်ရဲ့အခြေအနေက ဘယ်လိုရှိခဲ့သလဲ ကရင်နီပြည်သူပြည်သားရဲ့ရိုးရာဓလေ့ထုံးတမ်း ယုံကြည်မှု ကိုးကွယ်မှု နိုင်ငံရေးအစဉ်အလာ ဘယ်လိုရှိခဲ့သလဲ အဲဒီအပေါ်မှာ အခြေခံပြီး သူတို့က တကယ်ကိုက်ညီတဲ့ဟာဆောင်ရွက်သွားဖို့လိုတယ် တကယ်ပြောလို့လည်းလိုတယ်။ ကျတော်ထင်တာက သူတို့က အဲ့လောက်ထိ စဉ်းစားလား မစဉ်းစားဘူးလား ကျတော်မပြောတတ်ဘူး အမှန်တော့ တာဝန်အရှိဆုံးက သူတို့ပဲ။

spot_img
spot_img

Recent posts