spot_img
Monday, November 28, 2022
spot_img

ငွေတောင်ရွာသစ်ကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကို KA၊ KNDF သိမ်းဆည်းရမိ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ဒီးမော့ဆိုမြို့နဲ့ ဖရူဆိုမြို့ အကြား ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့သလို လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဒီကနေ့ ( စက်တင်ဘာလ ၄ ရက်နေ့ ) ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၄ရက်နေ့ မနက်ပိုင်း ၆နာရီခွဲအချိန်မှစ တိုက်ပွဲ ၄နာရီကြာဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီရဲ့ MA-3 သေနတ် (၁)လက် ၊ ခဲယမ်းတချို့နဲ့ ကျည်ဆန်တွေကို သိမ်းဆည်းရခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကြောင်းထိုးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း – ၁၀ ( KNDF B – 10 )တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လည် ( ၁ ) နာရီခွဲအချိန်မှာလည်း ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာနဲ့ ထီးပေါ်ဆိုကျေးရွာအနီးမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KA KNDF B-04 KNDF B-15 တို့ ၂နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ခတ်အသုံးပြုခဲ့ပေမယ့် KA ၊ KNDF ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်အထိ ဖရူဆို – ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုး တပ်စွဲတာတွေ ပြုလုပ်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေတာပါ။

spot_imgspot_imgspot_imgspot_img

More from the blog

လွိုင်ကော်မြို့ပေါ်မှာ လျှပ်စစ်မီးပြတ်တောက်ပါက မီတာခဆောင်မှသာ ပြန်လည်ပြင်ဆင်ပေးနေ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ပေါ်မှာ အိမ်သုံးလျှပ်စစ်မီးတွေ အကြောင်းအမျိုးမျိုးကြောင့်ပြတ်တောက်သွားရင် လျှပ်စစ်မီတာခ ဆောင်ပြီးမှ ပြန်ပြင်ပေးနေတာတွေ ရှိတယ်လို့ လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ “မီးပျက်ရင် မီတာခတွေ ဆောင်ပြီးမှ ပြင်ပေးတယ်။ ကိုယ့်အိမ်က ပြတ်လို့ သွားပြင်ခိုင်းရင် မီတာခဆောင်ခိုင်းတာမျိုးပေါ့။” လို့ သူက ပြောပါတယ်။ ၂၀၂၁ခုနှစ်...

စေတနာ့ဝန်ထမ်းတွေနဲ့ အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်တဲ့ ကိုယ်ထူကိုယ်ထကျောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရွာတစ်ရွာက ကျောင်းတစ်ကျောင်းမှာ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေ ပညာဆက်ပြီးဆည်းပူးနိုင်ဖို့ လက်ရှိပညာသင်နှစ်မှာ ကျောင်းဖွင့် ထားတာ ၅ လ လောက်ရှိပြီလို့ ဆိုပါတယ်။ KG အတန်းကနေ ရှစ်တန်းအထိ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ကျောင်းသူ၊သား ၁၅၀ ကျော် ပညာသင်ယူဆည်းပူး နေကြတာပါ။ အဆိုပါကိုယ်ထူကိုယ်ထကျောင်းမှာ စေတနာ့ဝန်ထမ်း...

မိုးဗြဲမှာ ကလေး ၃ဦး တောထဲသွားရင်း မိုင်းနင်းမိခဲ့၊ တစ်ဦးစိုးရိမ်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်) မိုးဗြဲမှာ ယမန်နေ့ (နိုဝင်ဘာလ ၂၇ရက်) မွန်းလွဲ ၁၂နာရီအချိန် တောထဲသွားလည်နေတဲ့ ကလေးငယ် ၃ဦး မိုင်းနင်းမိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရတဲ့ ဦးခေါင်း ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ “ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ ကျန်တဲ့သူကတော့ ပေါင်တစ်ချက်ထိတယ်။ ပေါင်ရယ် ၊...

ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ၊

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးကပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။ " ကလေးတွေဆို...