spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စက်တော်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ရှောင်အမျိုးသမီးတစ်ဦး လက်နက်ဦးကျည်စထိမှန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ၃၀ ဝန်းကျင် စစ်ရှောင်အမျိုးသမီးတစ်ဦး ဝမ်းဗိုက်လက်နက်ကျည်စထိမှန်ပြီး ဒဏ်ရာရတာရှိတယ်လို့ ဖယ်ခုံPDF က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” စစ်ရှောင်စခန်းဘက်ကို ဖယ်ခုံ စကစ (၇)ကနေပြီးတော့ ဦးတည်ပြီးတော့ ပစ်လိုက်လို့ စစ်ရှောင်စခန်းရဲ့ ရှေ့မျက်နှာစာနားမှာလာကျလို့ အဲ့ဒီစစ်ရှောင်အမျိုးသမီးတစ်ဦးပေါ့နော။ အသက်ကတော့ ၃၀ဝန်းကျင်လောက်တော့ ရှိမယ်ပေါ့နော။ အဲ့ဒီဝန်းကျင်လောက်ပဲ ဒဏ်ရာရသွားတယ်။
ဒဏ်ရာက နည်းနည်းတော့ကြီးတယ်။ သူက ခါးဖြတ်မှန်သွားတာဆိုတော့ အခြေအနေကတော့ တအားသေချာတော့ မသိရသေးဘူးဗျ။ အသက်အန္တာရာယ်ကတော့ စိုးရင်ရတဲ့ပုံတော့ သိပ်မပေါ်ဘူးဗျ။ ဘာလို့လဲဆိုတော့ မြန်မြန်ပို့နိုင်လို့ရှိရင်တော့ သွေးထွက်မလွန်ဘူးဆိုရင်တော့ အဆင်ပြေမယ်လို့ ထင်တယ်ဗျ။ “

လက်နက်ကြီးကြောင့် စက်တော်ကျေးရွာ၊ ခေါင်းအိကျေးရွာက ဒေသခံနေအိမ် ၆လုံး လည်း ပျက်စီးသွားခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၅ရက်နေ့မှာလည်း မနက်၈နာရီကစပြီး စစ်ကောင်စီနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိနိုင်တယ်လို့ ဖယ်ခုံPDF က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ် စက်တော်ကျေးရွာကို ယခုရက်ပိုင်းအတွင်းမှာ စစ်ကောင်စီက ထိုးစစ်ဆင်မှုပိုမိုပြုလုပ်လာပြီး တိုက်ပွဲမကြာခဏဖြစ်ပွားနေပါတယ်။

စစ်ကောင်စီက လက်နက်ကိုင်တော်လှန်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့ တော်လှန်ရေးအင်အားစုတွေကို မတိုက်ခိုက်ပဲ ဒေသခံကို ဦးတည်တိုက်ခိုက်နေတယ်လို့ ဖယ်ခုံ PDF တာဝန်ရှိသူတစ်ီဥးက ပြောပါတယ်။

” ဒီအချိန်ကျတော့ တောင်သူလယ်သမားတွေကလည်း သီးနှံရိတ်သိမ်းတဲ့ အချိန်ဖြစ်ခါကျတော့လေ။ စစ်ကောင်စီက PDF တို့ တော်လှန်ရေး အင်အားစုတွေကို သူတို့က ဦးတည်တိုက်တာမဟုတ်ဘူး။ တိုက်တာက တကယ်တမ်းခံရတာက ပြည်သူတွေပဲ။ ပြည်သူတွေနေအိမ်ကို သူတို့ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ထည့်တယ်။ ပျက်စီးတာတွေရှိတယ်။ နောက်ပြီး စပါး ကျည်တွေဆိုရင်လည်း ရည်ရွယ်ချက်ရှိရှိ မီးရှို့ခဲ့တာတွေရှိတယ်။ အခုဒီနေ့ဆိုရင်လည်း စစ်ရှောင်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ထည့်တယ်။ အလုံးကြီးတွေ အဲ့တာတော့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တမင်သက်သက် လုပ်နေတဲ့ သဘောရှိတယ်ဗျ။ အမှန်တော့ သူတို့က PDF ကို တိုက်ချင်ရင်တော့ တိုက်လို့ရတယ်။ တော်လှန်ရေးအင်အားစုတွေကို တိုက်ရင်တော့ ဘယ်လိုတိုက်တိုက် လက်နက်ကြီးသုံးသုံး လက်နက်ငယ်သုံးသုံး တိုက်လို့ရတယ်။ ဒါပေမယ့် သူတို့ လက်ရှိအနေအထားကတော့ ပြည်သူတွေကိုပဲ ကြားထဲကနေပဲ ချပြီး ကစားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဲ့တော့ ပြည်သူတွေလည်း ဒီအချိန်မှာ စပါးတွေလည်း ဘားမှမရိတ်ရတော့ဘူးလေ။ သီးနှံတွေကလည်း အခုချိန်ထိ မိုးကလည်း မပြတ်သေးတဲ့ အခါကျတော့ သီးနှံတွေလည်း တော်တော်ပျက်စီးနေပြီ။ အိုးအိမ်တွေလည်း အကုန်စွန့်ခွာပြီး ပြေးနေရပြီဗျ။ “

ဖယ်ခုံမြို့နယ်မှာ ၄ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်နေပြီး ကျေးရွာ ၉ရွာက ဒေသခံ တစ်သောင်းဝန်းကျင် စစ်ဘေးရှောင်နေရပါတယ်။

spot_img
spot_img

Recent posts