spot_img
Monday, March 27, 2023
spot_img

စစ်ကောင်စီက စစ်ကြောင်းထိုးရင် ဖမ်းဆီးခံရသူများ ပြန်လွှတ်သူ မရှိသေး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးရင်းဖမ်းသွားတဲ့သူ ဩဂုတ်၂၇ရက်နေ့ကနေ စက်တင်ဘာလ၈ရက်နေ့အတွင်း ၂၅ဦး ရှိနေပြီး ပြန်လွှတ်လာတဲ့သူ မရှိသေးဘူးလို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားထံက သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီက မြို့ပေါ်တွေမှာ စစ်ဆေးရေးဂိတ်တွေကို ထားရှိပြီး သွားလာနေတဲ့ လူထုတွေကို ဖုန်းစစ်ပြီး တချို့သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိနေပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ မယုံသင်္ကာမှုတွေနဲ့ဖမ်းတာတွေရှိသလို အကြောင်းမဲ့ ဖမ်းသွားတာလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“တချို့ သူတို့ ဂိတ်ချပြီးတော့မှ စစ်တဲ့အချိန်မှာ မိတဲ့လူတွေရှိတာပေါ့နော။ ဒါအဲ့ဒီလူအများစုက ဘာကြောင့် အဖမ်းခံရတာလဲဆိုတော့ သူတို့ဖုန်းထဲမှာ ပါတယ်ပေါ့နော။ သူတို့ဖုန်းထဲမှာပါတဲ့ အချက်အလက်တွေ ဓာတ်ပုံတွေကို အခြေခံပြီးတော့မှ မယုံသင်္ကာမှုနဲ့ သူတို့ဖမ်းလိုက်တာရှိတယ်။ ဒါက စစ်ဆေးရေးဂိတ်မှာ သူတို့လုပ်တဲ့ ပုံစံကို တွေ့ရတယ်။ ဒါပေမယ့် တချို့လူတွေကတော့ လမ်းသွားလမ်းလာပြည်သူ တိုက်ပွဲဖြစ်လို့ လမ်းသွားလမ်းလာပြည်သူတွေကို ကျေးလက်နေ ပြည်သူတွေကိုတော့ ဘာမှကို အကြောင်းပြချက်မရှိပဲ တစ်ခါတည်း တွေ့တဲ့လူကို ဆွဲဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပုံစံမျိုးနဲ့ သူတို့လုပ်တာတော့ ကျနော်တို့ တွေ့ရတာ ရှိပါတယ်။ “

ဖမ်းဆီးခံထားရတဲ့ လူထုတွေရဲ့ အခြေအနေကိုလည်း မသိရှိရသေးပါဘူး။စံပြ၆မိုင်မှာ တိုက်ပွဲအပြီးနေအိမ်ပြန်တဲ့အချိန်မှာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံရတဲ့ ပါစကွားလယ်နဲ့ ဖီဒေးလယ်ကိုလည်း နှိပ်စက်ညှင်းပန်းထားတဲ့ ဓာတ်ပုံ လူကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဩဂုတ်လ ၂၇ရက်ကနေ စက်တင်ဘာလ ၈ရက်နေ့အတွင်း ဖမ်းဆီးထားတဲ့သူတွေ ပြန်လွှတ်တာမရှိသေးဘဲ စက်တင်ဘာလ (၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃)ရက်နေ့က ဖုန်းစစ်ဆေးပြီး ဖမ်းခံရတဲ့ လူထဲက တချို့တော့ ပြန်လွှတ်လာပြီ ဖြစ်ပေမယ့် တချို့ကတော့ အခြေအနေမသိရသေးပါဘူး။

ပြန်လွှတ်လာတဲ့သူတွေရဲ့ ပြောကြားချက်အရ စစ်ကောင်စီက PDF ဟုတ်၊ မဟုတ် စစ်ဆေးမေးမြန်းတာတွေရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အခုလိုတင်းတင်းကျပ်ကျပ်စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေက အိမ်အပြင်မထွက်ရဲကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...