spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ် စခန်းချေမှုန်းခံရပြီး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ခဲယမ်းအမြောက်အများသိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ဒီကနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မယ်စလောင်းတောင်ကုန်းစခန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှာ ပူးပေါင်းတပ်ဖွဲ့ဖြစ်ကြတဲ့ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုအပြီး (၆၀)မမ စိန်ပြောင်း (၂)လက် ၊ RPG (၁)လက် ၊ MA-1 (၁)လက် ၊MA -2 (၁)လက် ၊ MA-3 (၁)လက် ၊ MA-4 79တွဲ (၁)လက် ၊ 9mm (၁)လက် ၊ ငါကြင်းမြီး (၁)လက် ၊ စနှိုက်ဖာ (၁)လက် ၊ မိုင်းများ ၊ ခဲယမ်းကျည်ဆံများ ၊ အခြားအသုံးအဆောင် ပစ္စည်များအား သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအခြေအနေနနဲ့ပတ်သက်ပြီး ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က “ကျနော်တို့ကတော့ အခြေအနေပေးရင်ပေးသလို ကျနော်တို့တတ်နိုင်သမျှတော့ တရားသောစစ်ပဲပေါ့နော ကျနော်တို့ခုခံတော်လှန်နေတာက။ သူများကိုသွားတိုက်တာမဟုတ်ဘူး ကိုယ့်ပြည်နယ်ကိုရောက်ရှိလာတဲ့ ကိုယ့်ပြည်နယ်ကိုလာပြီးဖိနှိပ်နေတဲ့ စစ်ကောင်စီဖြစ်ဖြစ် အာဏာရှင်ပဲဖြစ်ဖြစ် ကျနော်တို့ကတော့ တရားသောခုခံစစ်အတွက် ကျနော်တို့ နိုင်အောင်ချမယ် လုပ်ဆောင်သွားမှာပဲဆိုတာ အဲ့လိုပဲပြောလို့ရတာပေါ့။”လို့ ပြောပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ တိုက်လေယာဉ်တစ်စီးနဲ့ ၃ ကြိမ်တိုင် ပစ်ကူပေးခဲ့ပြီး ဘောလခဲမြို့အခြေစိုက်တပ်ဖက်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
မယ်စလောင်းတောင်စခန်းကုန်းသိမ်းပိုက်နေချိန် တစ်ဖက်မှာလည်း ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းတချို့ကို KA ၊ KNDF B (21) ၊ KNDF B (10) ၊ ဘောလခဲ PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

တိုက်ခိုက်မှုအပြီး မယ်စလောင်းတောင်စခန်းတွင်းရှိ သေဆုံးနေတဲ့ စစ်ကောင်စီတပ်သား ၅ ဦးအလောင်းရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်တွေက စခန်းအားစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖရူဆိုမြို့နယ် အမှတ် ၁၄ တန်းမြင့် စစ်ရေးလေ့ကျင့်ရေးကျောင်းမှာလည်း စစ်ကောင်စီတပ်တွေကို စနှိုက်ဘာ နဲ့ သွားရောက်ပစ်ခတ်မှု ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဝန်ကြီး ခူညေးရယ်က ဆက်ပြောပါတယ်။

“ အဲဒီရက် နံနက် ၈နာရီဝန်းကျင်လောက်မှာပဲ ဖရူဆိုတန်းမြင့်စစ်လေ့ကျင့်ရေးကျောင်း အမှတ် ၁၄လေ အဲဒီမှာ သူတို့ သွားပစ်တာ သူတို့စနှိုက်ဘာနဲ့ သွားပစ်တာ နှစ်ယောက်ထိသွားတယ်။ စကစ တပ်ဘက်က နှစ်ယောက်ကျသွားတယ်။ “ လို့ ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ ချိကယ် – ပါလောင်း လမ်းမကြီး၊ ဖာ့တီမာ မယ်တော်ဂူ အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF ၊ Loikaw PDF ၊ တပ်ပေါင်းစုတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ KNDF တပ်ရင်း ၂ က ထုတ်ပြန်ထားတာရှိပါတယ်။

spot_img
spot_img

Recent posts