spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းတဲ့ အဖွဲ့ဝင်တွေဟာ ရန်သူတွေဖြစ်တယ်လို့ KNPLF တွဲဖက်အထွေထွေအတွင်းရေးမှူးပြော

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေးတပ်ဦး KNPLF က ဒီကနေ့မှာ ထုတ်ပြန်ကြေငြာချက်ထုတ်ပြီးနောက် စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေတဲ့ အဖွဲ့ဝင်တွေဟာ ရန်သူတွေဖြစ်တယ်လို့ KNPLF တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးက ပြောဆိုလိုက်ပါတယ်။

အဆိုပါထုတ်ပြန်ကြေငြာချက်ထွက်ရှိပြီး နာရီပိုင်းအတွင်းမှာပဲ KNPLF ရဲ့ ဒုဥက္ကဌဖြစ်တဲ့ ထူးကော် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်တစ်ခုထွက်ရှိလာပါတယ်။

ရဲဘော်လောရင်းစိုး တို့က ထုတ်ပြန်လိုက်တဲ့ အဆိုပါ ထုတ်ပြန်ချက်ဟာ KNPLF အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောထားမဟုတ်ကြောင်းနဲ့ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဦးထူးကော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကလလတရဲ့ ဒုဥက္ကဌ ဖြစ်တဲ့ ထူးကော်က သူ့ရပ်တည်ချက်က ကျနော်တို့နဲ့အတူ မဟုတ်ဘူးဆိုရင်တော့ စစ်အုပ်စုနဲ့ တူတယ်ဆိုရင်တော့ ကျနော်တို့ရန်သူ ဖြစ်သွားမှာပါ။ အဲဒီကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရမှာပါ။ ဒါကတော့ ကျနော်တို့လူ ဒါကတော့ ကျနော်တို့ရဲ့ ဘုံရန်သူဖြစ်ပါတယ်။ ကျနော်တို့က ဒီကိစ္စထုတ်ပြန်မယ်ဆိုတာကလည်း သူတို့ကို ပြောထားပြီးသားဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့အစည်းက စစ်ကောင်စီက ပြန်တိုက်တော့မယ်ဆိုတာက ကျနော်တို့ သူတို့က ပြောထားပြီးသာဖြစ်ပါတယ်။ အဲဒါကလည်း သူတို့က စစ်ကောင်စီနဲ့ ဆက်ပူးပေါင်းမယ်ဆိုရင်တော့ ပြည်သူလူထုရဲ့ ရန်သူ ကျနော်တို့အဖွဲ့အစည်းရဲ့ ရန်သူဖြစ်လာမှာပါ။” လို့ ရဲဘော် လောရင်းစိုးက ဦးထူးကော်ရဲ့ ထုတ်ပြန်ချက်နဲ့ ပါတ်သက်ပြီးပြောပါတယ်။

KNPLF အနေနဲ့ ကရင်နီပြည်တွင်း စစ်ပဋိပက္ခစတင်ဖြစ်ပွားချိန်ကတည်းကပင် တော်လှန်ရေးမှာ ပြောင်ပြောင်တင်းတင်း ပါဝင်နိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ ဘက်တံဆိပ်၊ဝတ်စုံတွေကို အသုံးပြုပြီး စစ်ကောင်စီကို တော်လှန်နေတာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို တိုက်ပွဲတွေကြောင့်လည်း KNPLF ရဲ့ ရဲဘော်တချို့ သေဆုံးမှုတွေရှိသလို ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါအပြန်အလှန် ထုတ်ပြန်ကြေငြာချက်တွေနဲ့ပါတ်သက်ပြီး ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ တာဝန်ရှိသူ စစ်အာဏာရှင်ကို တွန်းလှန်တဲ့ အဖွဲ့ တွေကို ကြိုဆိုကြောင်း ပြောဆိုထားပါတယ်။
“စစ်အာဏာရှင်ကို တွန်းလှန်တဲ့ အဖွဲ့ဆိုရင်တော့ ဘယ်လိုပဲပြောပြော ကြိုဆိုတာပေါ့နော။ အဲ့ဒါပါပဲ။ ကျန်တဲ့ဟာတွေကတော့ သုံးသပ်လို့ မရသေးဘူး။ ပထမ တစ်စောင်ကို ကြိုဆိုတယ်။” လို့ ကြားကာလ စီမံအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

လက်ရှိတော်လှန်ရေးအင်အားစုတွေနဲ့ အတူ စစ်ကောင်စီကို အတိအလင်း ဆန့်ကျင်တိုက်ခိုက်လာတဲ့ KNPLF အဖွဲ့တွေ အနေနဲ့ စစ်အာဏာရှင် မပြုတ်ကျသေးသ၍ သဘောထားပြောင်းလဲမှာ မဟုတ်ဘူးလို့ KNPLF ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်းစိုးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ကျနော်တို့ အဖွဲ့အစည်း သဘောထားရပ်တည်ချက်ကတော့ ထုတ်ပြန်ကြေညာချက်အတိုင်းပါပဲ။ ကျနော်တို့က အဲဒါ စစ်အာဏာရှင် ပြုတ်ကျတဲ့အချိန်ထိ မပြုတ်ကျမချင်း ကျနော်တို့ရဲ့ သဘောထားကတော့ အတည်ပဲဖြစ်ပါတယ်။ “ လို့ သူက ပြောပါတယ်။

KNDF၊ DMO-PDF နဲ့ KRU အနေနဲ့လည်း ဒီလိုထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနဲ့ စစ်ကောင်စီအမြစ်ပြတ်သည်အထိ အတူအကွ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကို ဒီကနေ့ ( ဇူလိုင်လ ၁ ရက်နေ့ ) ညနေပိုင်းမှာ အသီးသီး ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts