spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီမှ ညောင်ကုန်းပြည်သူ ၄ ဦးကို ဖမ်းဆီး၊ နေအိမ်အချို့ဝင်ရောက်ဖျက်ဆီးသွား

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ညောင်ကုန်းရပ်ကွက် ၁ ရပ်ကွက်မှ ပြည်သူတစ်ဦး၊ ညောင်ကုန်း ၃ ရပ်ကွက်မှ ပြည်သူ ၃ ဦးတို့ကို ဒီကနေ့ အောက်တိုဘာလ ၃၁ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးသွားပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေ ဖျက်ဆီးသွားတယ်လို့ ဖယ်ခုံ PDF က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

၃၁-၁၀-၂၀၂၁ ရက်နေ့ ညနေ (၄)နာရီခန့်အချိန် ဖယ်ခုံမြို့၊ ညောင်ကုန်းရပ်ကွက်အတွင်း စကစအင်အား (၅၀)ခန့်မှ ပြည်သူနေအိမ်များအား ဖျက်ဆီးဝင်ရောက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်း၊ ပစ္စည်းများသိမ်းယူခြင်း၊ ရပ်ကွက်နေပြည်သူများကို သေနတ်ဖြင့်ချိန်ရွယ်ခြင်း၊ ဝမ်းလျားမှောက်ခိုင်းပြီး စစ်ဆေးခြင်း၊PDFနာမည်တပ်ဖမ်းဆီးခြင်းတို့ ပြုလုပ်နေပါသည်။ လို့ ဖယ်ခုံ PDF က ရေးသားထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့ပေါ်ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်အချို့ပျက်စီးခဲ့ရပြီး ကျေးရွာအချို့ကိုလည်း စစ်ကြောင်းထိုးတဲ့အတွက် ဒေသခံပြည်သူတွေထိတ်လန့်ပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်း ကျန်ရစ်ခဲ့တဲ့ သက်ကြီးရွယ်အို၊ ကျေးရွာစောင့်သူတွေကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုနေတယ်လို့ သိရပါတယ်။

spot_img
spot_img