spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လမ်းပိတ်ဆိုမှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ဆန် နဲ့ စားနပ်ရိက္ခာ ပြတ်လပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့ နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ လမ်းကြောင်းပိတ်ဆို့ထားမှုကြောင့် ရိက္ခာသယ်ယူရေးလို့မရတော့ဘဲ စားနပ်ရိက္ခာ ပြတ်လပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တော့ လမ်းပိတ်တာရှိတဲ့အပြင် စစ်ကောင်စီတွေက သက်သက်မဲ့ ပိတ်တာတွေ အများကြီး ပိုပိုများလာတယ်။ ဖမ်းဆီးမှုတွေလဲ ပိုများလာတော့ စားနပ်ရိက္ခာ အလွယ်တကူ သယ်လိုမရတော့ဘူးပေါ့နော်။ သယ်လိုမရတဲ့ အတွက်ကြောင့်မို့လို ဘာလို့လဲဆိုတော့ အလိုလိုနေရင်းနဲ စားနပ်ရိက္ခာတွေက ဆန်ဆီစျေးက တအားတက်သွားတာပေါ့နော်။” လို့ ကရင်နီလူ့ အခွင့်အရေး အဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

လက်ရှိမှာဖရူဆိုနဲ့ ဒီးမော့ဆိုမြို့နယ်ကြား ဝန်းကျင်နေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး နယ်မြေကူးသန်းသွားလာဖို့ ခက်ခဲနေသလို၊ တဖက်မှာလည်း ကုန်စျေးနှုန်းတွေမြင့်တက်လာတာကြောင့် စစ်ရှောင်တွေအတွက် အခက်အခဲတွေပိုဖြစ်နေတယ်လို့ ဦဗညားက ဆိုထားပါတယ်။

“လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် အဲ့ကြောင့်လဲ ဆန်၊ ဆီစျေးက စျေးကြီးသွားတယ်။ အခြားတစ်ဖက်မှာလဲ သိတဲ့အတိုင်းပဲ ကုန်စျေးနှုန်း မြင့်တက်နေတာပေါ့နော်။ တစ်ရက် နဲ့တစ်ရက်က ကုန်စျေးနှုန်းကို ခန့်မှန်းလိုမရဘူး ဖြစ်နေတယ်ပေါ့နော်။ ပုံမှန် ရက်နဲ့အမျှ တော်တော်လေး ကြီးမြှင့်လာတယ် အဲ့ဒီဟာလဲ ကျနော်တို့ အခက်ခဲမှု။ ဝယ်ယူဖို့အတွက် ပိုက်ဆံ မလုံလောက်ဘူး ပိုဖြစ်လာတယ်” လို့ ဦဗညားကဆိုထားပါတယ်။

ရိက္ခာပြတ်လပ်တဲ့ ပြဿနာဟာ ဖရူဆိုအပြင် ဒီးမော့ဆိုမြို့နယ် နဲ့ တခြားမြို့နယ်တွေကပါ ကြုံတွေ့နေရတယ်လို့ ဦးဗညားက ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts