spot_img
Sunday, September 24, 2023
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီအထိုင်ချ စခန်းကို ရှမ်းတောင်ဒရုန်းအဖွဲ့ သွားရောက်တိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ရှမ်းတောင်ဒရုန်းအဖွဲ့ (SSDF) မှ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့ စခန်းနေရာတွေကို ၆၀ မမ တစ်လုံး၊ လက်လုပ် ၆၀ မမ ၆ လုံး၊ လက်လုပ် ၄၀ မမ ၁၁ လုံး ဖြင့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ SSDF က စက်တင်ဘာလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတစ်ဝိုက်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ မတ်လကတည်းက ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အား အဆမတန်အသုံးပြုခဲ့တာကြောင့် နယ်မြေတစ်ချို့ပေးထားရတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဩဂုတ်လ ၃၁ရက်နေ့မှာ နယ်မြေရှင်းလင်းရေးလုပ်စဉ် ဒေသခံတွေရဲ့နေအိမ် ၂၀ ဝန်းကျင် ဖျက်ဆီးခံရတယ်လို့ ရှမ်းတောင်ဒရုန်းတပ်ဖွဲ့ (SSDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ခန့်မှန်းခြေ ၂၀ ဝန်းကျင်လောက်ရှိမယ်ဗျ။လူနေအိမ် အသုံးအဆောင်ပစ္စည်း ဖျက်ဆီးမှု အဓိကပါပဲဗျ။အဲဖက်ခြမ်းက တောင်ကုန်းတွေနဲ့ စက်တော်ရွာပေါ့ဗျ။ အဓိကက ခွေးတွေတပ်ဆွဲထားတဲ့ နေရာတွေပေါ့။”လို့ SSDF မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာခဲ့တာကြောင့် ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ 1002 တပ်ရင်း(ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်)၊ 1003 တပ်ရင်း(ဓနုပြည်သူ့ကာကွယ်ရေးတပ်) ၊ 1009 တပ်ရင်း ( အင်လေးပြည်သူ့ကာကွယ်ရေးတပ်) နဲ့အတူ KRU အဖွဲ့မှ နယ်မြေရှင်းလင်းခဲ့ပြီး စစ်ကောင်စီကနေ လူနေအိမ်တချို့ကို ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှု၊ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ထားနိုင်မှုကြောင့် အခြားသော နယ်မြေတွေကို စစ်ကောင်စီကနေ ထပ်မံ စိုးမိုးရယူနိုင်ခြင်းမရှိခဲ့ဘူးလို့ SSDF က ဆိုပါတယ်။

Recent posts