ကန္တာရဝတီတိုင်း(မ်) / မူဖိလစ်စတာ
(အထူးစုံစမ်းတင်ပြချက်)
ဒီနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ် ၊ ဒေါဆီးအီ ကျေးရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတာ တစ်နှစ်တင်းတင်းပြည့်ပါပြီ။
ဒီအဖြစ်အပျက်ဖြစ်ပွားခဲ့တာ ၁နှစ်ရှိနေပြီဖြစ်ပေမယ့် တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အသက်မသေပဲရှင်ကျန်ခဲ့တဲ့ ကျောင်းသားတွေ၊ ဆရာ၊ဆရာမ တွေအတွက် အသစ်ဖြစ်နေဆဲပါ။ လေယာဉ်သံကြားတိုင်း ကြောက်လန့်နေဆဲ၊ မျက်ရည်လွယ်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်မှာ ဓားစာခံတွေဖြစ်ခဲ့သူတွေ လက်ရှိဘယ်လိုကြုံတွေ့နေကြသလဲဆိုကို မှတ်တမ်းဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။