spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးဖြစ်နေကြပြီး ခြင်ထောင်လိုအပ်နေ

Author

Date

Category

CJ(ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည်နယ် ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် အတွင်းရှိ စစ်ရှောင်စခန်းတချို့မှာ ကလေး၊ လူကြီးအပါအဝင် ရာသီတုပ်ကွေးနဲ့ ဖျားနာမှုတွေရှိနေကြပြီး ခြင်ထောင်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့  မတ်လအတွင်းက ဒီးမော့ဆိုမြို့နယ်  အရှေ့ဘက်ခြမ်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေဟာ တုပ်ကွေးဖြစ်ပွားမှုကို အများစု ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အများစုဟာ အသက်လုထွက်ပြေးလာရတာဖြစ်တဲ့အတွက် ခြင်ထောင်ယူလာခြင်း မရှိကြဘူးလို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက အခုလို ပြောတယ်။

“စစ်ရှောင်မှာ ခြင်ထောင်တွေ လိုနေတယ်။ အခုက စစ်ရှောင်မှာ ညချိန်ပဲ မဟုတ်ဘူး၊ နေ့ချိန်မှာလည်း ခြင်တအားကိုက်တယ်၊ နေရာလည်း အသစ်ဖြစ်နေတယ် ပြီးတော့ တောထဲမှာလည်း ဖြစ်နေခါကျတော့ ခြင်တအားပေါတယ်။ တကယ်လို့ ခြင်ထောင်မထောင်အိပ်ဘူးဆိုရင် ရောဂါဖြစ်လာမှာကို ကြောက်ရတယ်၊ အရင်တုန်းက ကယားပြည်နယ်မှာ ငှက်ဖျားတွေ ပျောက်သွားပြီလေး။ အခုက အဲလို ခြင်တွေ ပေါလို့ရှိရင် ငှက်ဖျားတွေ ပြန်ထလာမှာကိုလည်း ကြောက်ရတယ်၊ တုပ်ကွေးဖြစ်မှာလည်း ကြောက်ရတယ်။ ခြင်ထောင်တွေ တစ်ချို့က မသယ်လာကြဘူးပေါ့၊ ခြင်ထောင်တွေ လိုအပ်နေတယ်၊ ခြင်ထောင်မထောင်ကြရင် ရောဂါဖြစ်လာမယ်”လို့ သူက ပြောပါတယ်။

ရာသီတုပ်ကွေးဟာ ကူးစက်ပျံ့နှံ့မှုမြန်တဲ့အပြင် မိုးရာသီကာလဖြစ်တဲ့အတွက် ခြင်ကြောင့် ငှက်ဖျား ဖြစ်လာနိုင်တာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးကြောင့် မိသားစုတခုလုံး ဖျားနာတာရှိတယ်လို့ စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

“ခေါင်းကိုက်တာ ရိုးရိုးမကိုက်ဘူးလေး၊ ခေါင်းကို ထိုးတက်ပြီး ကိုက်နေတာ အမျိုးသားက ဖြစ်တာ ကောင်းကောင်းမပျောက်သေးဘူး၊ ကျမပါ ဖြစ်နေတယ်”လို့ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သာယာကုန်းစစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

နေရပ် မပြန်နိုင်သေးတဲ့ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တချို့ဟာ အခုလို မိုးရာသီကာလမှာ  တောတောင်ကြားထဲ နေထိုင်ရတဲ့အတွက် နေ့ရောညပါ ခြင်ကိုက်မှုတွေ ခံနေရတာကြောင့်   ခြင်ထောင်ရရှိဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

spot_img
spot_img

Recent posts