spot_img
Friday, March 24, 2023
spot_img

စစ်ရှောင်စခန်းတစ်ခုမှ တပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းရရှိရေးအတွက် စီစဉ်ပေးနေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုကို တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒီးမော့ဆိုအရှေ့ခြမ်းမှ ထပ်တိုးစစ်ရှောင် ၅၀၀ခန့်ရောက်ရှိလာပြီး ၎င်းတို့အတွက် စစ်ရှောင်စခန်းကော်မတီကနေ နေရာထိုင်ခင်း၊ စားသောက်ရေး စီစဉ်ပေးနေတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းကော်မတီဝင်တစ်ဦးက “စားဝတ်နေရေးအခက်အခဲတော့ နည်းနည်းရှိတာပေါ့ ကျနော်တို့မှာရှိတဲ့ အရံဆန်လေးတွေနဲ့တော့ ဖြေရှင်းပေးနေတယ်ပေါ့နော။ အနည်းဆုံး ၅၀၀လောက်တော့ရှိပြီ။ ထပ်လာဖို့တော့ရှိတယ်ပြောတယ် ဘယ်လိုဆက်လုပ်ရမလဲမသိသေးဘူး။ နောက်မှစီစဉ်လိုက်မယ်။ နောက်လာမယ့်သူအတွက် နေရာမရရအောင် ကြိုးစားပေးရမှာပေါ့။” လို့ ပြောပါတယ်။

မတ်လ ၁၀ရက်နေ့ကစ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သောင်းဝန်းကျင်ဟာ ဘေးကင်းတယ်လို့ယူဆရတဲ့ နေရာတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူ ထောင်ချီရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်ရှောင်တွေဟာ နီးစပ်ရာဆွေမျိုး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ ယာယီခိုလှုံခွင့်ရတဲ့သူရှိသလို အများစုကတော့ နေရာထိုင်ခင်းမရရှိသေးဘူးလို့ စစ်ရှောင်တွေပြောကြားချက်အရ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှ စစ်ရှောင်တစ်ဦးက”ပိုက်ဆံမရှိတော့ ရှေ့ရောက်ရင် ဘယ်လိုနေထိုင်ရမလဲ စဉ်းစားရတယ်။ အိပ်ဖို့နေရာတော့ နည်းနည်းပြင်ဆင်ထားပြီ။ အခက်အခဲတော့ရှိတယ် မြေပေါ်မှာအိပ်ရတော့ လူအိုလည်းပါတယ် ကလေးလည်းပါတယ် မသန်စွမ်းလည်းပါတယ်။ စောင်လည်းမလုံလောက်သေးဘူး။ ဆန်ကလည်း လောဆယ် တစ်အိတ် နှစ်အိတ်ပဲယူလာတယ်။ မိသားစု ၅စု ၆စုလောက်မှာ တစ်အိတ်လောက်ပဲပါတယ်။ ဆန်လည်းလုံးဝမပါတဲ့သူလည်းရှိတယ်။ ကိုယ်အသက်ရှင်ရင်ပြီးတာပဲဆိုပြီးတော့မှ လူပဲပါလာတာလည်းရှိတယ်။ အဝတ်အစားမပါတဲ့သူလည်းရှိတယ်။ ရှေ့ရေးဆိုတော့ ကူညီတဲ့သူရှိရင်တော့ စားရမှာပေါ့ ကူညီတဲ့သူမရှိရင်တော့ ဘယ်လိုဆက်လုပ်ရမလဲမသိသေးဘူး။” လို့ ပြောပါတယ်။

မတ်လ ၉ ရက်နေ့ကစ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို စစ်ကြောင်းသုံးကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA ၊ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားတာ လက်ရှိအချိန်ထိဖြစ်ပြီး ဒေသခံအပါအဝင် စစ်ရှောင်ပြည်သူတွေဟာလည်း ထပ်ဆင့် တိမ်းရှောင်နေရတာပါ။

“တချို့က အမျိုးတွေရှိတယ်။ အဲဒီ အမျိုးအိမ်တွေမှာ လိုက်နေတယ်။ တချို့ခါကျတော့ ဒီစစ်ရှောင်စခန်းပေါ့နော။ စစ်ရှောင်စခန်းမှာ လိုက်နေကြတယ်ပေါ့နော။ မနေ့ကဆိုရင် ပစ္စည်းတွေကို လမ်းဘေးမှာပဲပုံပြီးတော့ စခန်းကော်မတီတွေနဲ့ စကားသွားပြောပြီး သူတို့ အဆင်ပြေလို့ရှိရင် အဲဒီ စစ်ရှောင်စခန်းမှာပဲ လိုက်နေကြတယ်ပေါ့။” လို့ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တချို့ကတော့ တောတောင်ထဲ ရှောင်ကြသလို ဒီးမော့ဆိုအနောက်ဘက်ခြမ်းအပြင် ဖရူဆို၊ လွိုင်ကော်ဖက်ကို ရှောင်ကြသူတွေလည်း အများအပြားရှိနေပြီး သူတို့အတွက် အရေးပေါ် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ ဖော်ပြထားတဲ့ အချက်အလက်အရ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စစ်ရှောင်စခန်း ၉၈ ခုနဲ့ လူဦးရေ နှစ်သောင်းကျော်ရှိနေပြီး လက်ရှိမှာ ထပ်တိုးစစ်ရှောင်အများအပြားရှိနေပြီဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ရေနီပေါက်နဲ့ မိုင်းထမ်းကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တွေ ပျက်စီးမှုရှိခဲ့

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဘောလခဲမြို့ နယ်၊ ရေနီပေါက်ကျေးရွာနဲ့ မိုင်းထမ်းကျေးရွာတွေမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ်တစ်ချို့ ပျက်စီးတာတွေရှိခဲ့တယ်လို့ ဘောလခဲဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ ဘောလခဲ အခုလက်ရှိကတော့ ဘောလခဲကျေးရွာအုပ်စု သုံးရွာလုံး တစ်ယောက်မှ အိမ်မှာနေခဲ့လို့ မရတော့ဘူးလေနော။ ရက်တိုင်းရက်တိုင်းပဲ လက်နက်ကြီးတွေနဲ့ သူတို့ပစ်ခတ်တာကြောင့်နေအိမ်လည်းပျက်စီးတယ်။ တချို့က မီးလောင်သွားတဲ့ဟာတွေလည်းရှိတယ်။...

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ နွေရာသီအတွက် ရေသိုလှောင်ထားပေမယ့် လုံလောက်မှု မရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ကာလ ၂နှစ်ဝန်းကျင်ရှိလာပြီ ဖြစ်ပေမယ့် နွေရာသီ ရေရှားပါးမှုပြဿနာကို ပိုမိုခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေး အဖွဲ့နဲ့ စစ်ရှောင်တွေဆီကနေ သိရှိရပါတယ်။ မိုးရာသီမှာ သိုလှောင်ထားတဲ့ ရေတွေ မလုံလောက်တဲ့အတွက် စစ်ရှောင်တွေအနေနဲ့ ဝေးလံတဲ့နေရာတွေအထိ သွားရောက် ခပ်ယူနေရတယ်လို့ စစ်ရှောင်စခန်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံရေးမှူး ခွန်းရောဘတ်က ပြောြပပါတယ်။ “...

ကရင်နီဒေသ စစ်ဘေးရှောင် လူငယ်များအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သုံးရက် သင်တန်းပို့ချ

CJ (သတင်းပေးပို့ချက်) ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းတခုမှာ မတ်လ ၁၇ ရက်နေ့မှစပြီး ၁၉ ရက်နေ့အထိ နွေရာသီ လူငယ်သင်တန်းကို သုံးရက်တာ ပို့ချခဲ့ပြီး လူငယ် ၁၂၀ ကျော်က သင်တန်းကို တက်ရောက်ခဲ့တယ်လို့ ကရင်နီ​ပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်မှ တာဝန်ရှိသူက ‌ပြောပါတယ်။ “လူငယ်‌တွေက အသက် ၁၅နှစ်ကနေ ၂၉နှစ်လောက်ထိပါတယ်။...