spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်စခန်းတွေမှာ တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းတွေ ပြုလုပ်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းတချို့မှာ အမျိုးသမီးနဲ့လူငယ်တွေအတွက် တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းတွေ ပြုလုပ်ပေးနေပါတယ်။

စစ်ရှောင်နေစဉ်အတောအတွင်းမှာ အချိန်ကုန်ဆုံးသွားတာမျိုးမဖြစ်စေဘဲ ရှိတဲ့နေရာကနေ အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်တဲ့ ချည်ထိုး၊ ပန်းထိုး ပညာရပြီး ဝင်ငွေရအောင် ပြုလုပ်ပေးသလို စိတ်ဖိစီးမှု၊ စိတ်ဓါတ်ကျတာမျိုး လျော့ချပေးနိုင်အောင်လို့ အခုလိုစီစဉ်ပေးရတာဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး(၂) မော်ဖရေမြာက ပြောပါတယ်။

“အဓိက ဒီးမော့ဆိုရဲ့အရှေ့ခြမ်းတစ်ချို့ စစ်ရှောင်စခန်းတွေမှာ အမျိုးသမီးနဲ့ လူငယ်တွေကိုပေါ့နော လူငယ်တွေကို တစ်ပိုင်တစ်နိုင် နည်းပညာပိုင်းဆိုင်ရာ ဝင်ငွေရအောင်ဆိုတဲ့ဟာမျိုးတွေနဲ့ ချည်ထိုးပေါ့ ဇာထိုးပန်းထိုးဟာမျိုးတွေကို ကျမတို့က Small Grant (အသေးစားထောက်ပံ့မှု) ပုံစံမျိုးတွေ သွားပေးတဲ့ဟာမျိုးတွေရှိတယ်ပေါ့။ ဆိုတော့ ဒါကတော့ ဥပမာ- ကျမတို့က အရင်းအမြစ်နဲ့ နည်းပညာတွေကို သူတို့ကို ပံ့ပိုးပေးလိုက်တယ် အဲ့ကနေပြီး ရလာတဲ့အရင်းအမြစ်တွေ အကျိုးအမြတ်တွေကို သူတို့လေးတွေ ကော်မတီလေးတွေဖွဲ့ အုပ်စုတွေဖွဲ့ ထပ်ပြီးတော့မှ ရေရှည်ပေါ့နော အဲ့ကနေတဆင့်ရတဲ့ဟာမျိုးတွေ ထပ်တိုးပွားပြီးတော့မှ လုပ်သွားတာမျိုးတွေ ကျမတို့ကရည်ရွယ်တယ်ပေါ့။”

ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO) နဲ့ စစ်ရှောင်ကူညီရေးလုပ်ငန်းဆောင်ရွက်နေတဲ့ ဒေသတွင်း ပရဟိတအဖွဲ့တွေပေါင်းပြီး စစ်ရှောင်နေတဲ့ အမျိုးသမီးနဲ့လူငယ်တွေကို အခုလို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ရက်မှာ Kayah Liphu Youth ကနေ KNWO နဲ့ ပူးပေါင်းတဲ့ Crochet Project ( ဇာထိုးစီမံကိန်း)ကနေ ချည်ထိုးပြီး ပြုလုပ်ထားတဲ့ ဦးထုပ်၊ ခေါင်းစည်းကြိုးတွေကို အွန်လိုင်းပေါ်ကနေ တဆင့် စစ်ရှောင်အလှူအတွက် ရောင်းချခဲ့ပါသေးတယ်။

အခုလိုမျိုး အသက်မွေးဝမ်းကြောင်းအလုပ်အပြင် စစ်ရှောင်တွေအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး စတာတွေကိုလည်း ဆောင်ရွက်ပေးချင်ပေမယ့် အခက်အခဲတွေ များစွာရှိနေပါသေးတယ်။

လက်ရှိမှာဆိုရင် စစ်ရှောင်တွေဟာ ရေရှားပါးမှု စတင်ကြုံတွေ့လာနေရတာဖြစ်တဲ့အတွက် မပြုလုပ်ပေးနိုင်တာ ဖြစ်ပြီး ရာသီဥတုနဲ့ လိုက်လျောညီထွေတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားသွားမှာဖြစ်တယ်လို့ ကူညီဆောင်ရွက်ပေးနေသူက ပြောဆိုထားကြပါတယ်။

KNWO အတွင်းရေးမှူး(၂) မော်ဖရေမြာက “ ရေတွေကလည်း လူတွေအတွက် စားဖို့သောက်သုံးဖို့ အရမ်းခက်ခဲဖြစ်နေတဲ့ဟာမျိုးတွေမှာ တစ်နိုင်တစ်ပိုင် ခုနပြောသလိုမျိုး စိုက်ပျိုးရေးတို့ တခြားအိမ်မွေးတိရိစ္ဆာန် မွေးတဲ့ဟာမျိုးလည်း အဆင်မပြေဘူးဖြစ်နေတော့ ဒါသည် မိုးရာသီတို့ ရာသီဥတုနဲ့လိုက်လျောတဲ့ အသက်မွေးဝမ်းကြောင်းဟာမျိုးတွေကတော့ ဒါရှေ့ဆက်ကျရင်တော့ တတ်နိုင်ဆုံး လုပ်ပေးနိုင်အောင်တော့ ကျမတို့တော့ အဲ့လိုမျိုး စဉ်းစားထားတယ်ပေါ့နော။“ လို့ပြောပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် အဓိက ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆို မြို့နယ်တွေက ပြည်သူတွေ စစ်ရှောင်နေရတာဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေ၊ တောတောင်တွေထဲမှာ စစ်ရှောင်နေကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေဟာဆိုရင် အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ ဖြစ်ကြပါတယ်။

ကရင်နီပြည်နယ်မှာဆိုရင် အာဏာသိမ်းတစ်နှစ်တာ ကာလအတွင်း စစ်ရှောင်နေရသူ တစ်သိန်းခုနစ်သောင်း ရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts